တ႐ုတ္လုပ္ငန္း႐ွင္က ႐ိုက္ႏွက္ေစခိုင္းမႈကို အလုပ္သမားေတြဘက္ ေက်ေအးေပး

0
47

ဆီလီကြန္စက္ရုံရဲ႕ တ႐ုတ္လုပ္ငန္း႐ွင္က ႐ိုက္ႏွက္ခုိင္းေစမႈရွိခဲ့တာေၾကာင့္ အလုပ္သမားေတြဘက္က တုိင္ၾကားမႈေတြရွိခဲ့ၿပီး လက္ရွိမွာ ျပန္လည္ေတာင္းပန္ခဲ့တဲ့အတြက္ အလုပ္သမားေတြက ေက်ေအးေပးခဲ့တယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ေမွာ္ဘီၿမိဳ႕နယ္၊ေျမာင္းတကာစက္မႈဇုန္မွာရွိတဲ့ DAHUA စီလီကြန္စက္ရံုက တရုတ္ႏိုင္ငံသားသူေဌးက တာ၀န္က်အလုပ္သမား ၆ ေယာက္နားေနခ်ိန္မွာ လုပ္ငန္းတာ၀န္မေက်ပြန္လို႔ၿပီး ရိုက္ႏွက္ခဲ့တာေၾကာင့္ ၿမိဳ႕နယ္အလုပ္သမား ကိုယ္စားလွယ္ကို တိုင္ၾကားခဲ့တယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

အဲဒီလို မတိုင္ၾကားခင္ ေမွာ္ဘီၿမိဳ႕နယ္ရဲစခန္းကို အရင္သြားေရာက္တိုင္ၾကားခဲ့ေပမယ့္ ျပင္းထန္တဲ့ ဒဏ္ရာဒဏ္ခ်က္မရွိတာေၾကာင့္ ေဆးစစ္ခ်က္ယူလို႔ မရဘူးလို႔ ဆိုၿပီး အမႈမဖြင့္ေပးခဲ့ဘူးလို႔လည္း ေျပာပါတယ္။

Soundbite; ကိုေက်ာ္မင္းသူ(လုပ္သားေဟာင္း)

       DAHUA စီလီကြန္စက္ရံု

အဲဒီလို လုပ္ငန္းရွင္သူေဌးနဲ႔ျပႆနာျဖစ္ၿပီးတိုင္တန္းခဲ့ကို သူေဌးရဲ႕စကားျပန္က အေသးအမႊားကိစၥ ေတြကိုတိုင္တန္းတာေတြလုပ္ခဲ့ေၾကာင့္လို႔ဆိုကာ အလုပ္သမား ၆ ေယာက္ကိုေလ်ာ္ေၾကးေပးကာ  အလုပ္ကထုတ္ပယ္တာေတြလုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ေလ်ာ္ေၾကးေပးကာအလုပ္ကထုတ္ပယ္တာေတြကို အလုပ္သမားေတြကဘက္က လက္ခံၿပီးမွသာ ရိုက္ႏွက္ခိုင္းေစခဲ့တာကို လုပ္ငန္းရွင္တရုတ္သူေဌးကိုယ္တိုင္ေတာင္းပန္ေစလိုတာေၾကာင့္ MICS ကိုတိုင္ၾကားခဲ့တာျဖစ္တယ္လို႔ေျပာပါတယ္။

Soundbite; ကိုသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS)

ဆီလီကြန္စက္ရံုကအလုပ္သမား ၆ ဦးကိုရိုက္ႏွက္ခဲ့တဲ့ အလုပ္ငန္းရွင္သူေဌးက ဇူလိုင္လ ၁၂ ရက္ ကျပန္လည္ေတာင္းပန္ခဲ့သလို ေနာက္ပိုင္းမွာစက္ရံုထဲကလုပ္သားေတြကိုလည္း အခုလိုမ်ဳိးထပ္မလုပ္ ဘူးလို႔ကတိေပးခဲ့တာေၾကာင့္ အလုပ္သမားေတြဘက္ကေၾကေအးေပးလိုက္တာလည္းျဖစ္ပါတယ္ရွင္။

ဆီလီကွန်စက်ရုံရဲ့ တရုတ်လုပ်ငန်းရှင်က ရိုက်နှက်ခိုင်းစေမှုရှိခဲ့တာကြောင့် အလုပ်သမားတွေဘက်က တိုင်ကြားမှုတွေရှိခဲ့ပြီး လက်ရှိမှာ ပြန်လည်တောင်းပန်ခဲ့တဲ့အတွက် အလုပ်သမားတွေက ကျေအေးပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

မှော်ဘီမြို့နယ်၊မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ DAHUA စီလီကွန်စက်ရုံက တရုတ်နိုင်ငံသားသူဌေးက တာဝန်ကျအလုပ်သမား ၆ ယောက်နားနေချိန်မှာ လုပ်ငန်းတာဝန်မကျေပွန်လို့ပြီး ရိုက်နှက်ခဲ့တာကြောင့် မြို့နယ်အလုပ်သမား ကိုယ်စားလှယ်ကို တိုင်ကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီလို မတိုင်ကြားခင် မှော်ဘီမြို့နယ်ရဲစခန်းကို အရင်သွားရောက်တိုင်ကြားခဲ့ပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်မရှိတာကြောင့် ဆေးစစ်ချက်ယူလို့ မရဘူးလို့ ဆိုပြီး အမှုမဖွင့်ပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

Soundbite; ကိုကျော်မင်းသူ(လုပ်သားဟောင်း)
DAHUA စီလီကွန်စက်ရုံ

အဲဒီလို လုပ်ငန်းရှင်သူဌေးနဲ့ပြဿနာဖြစ်ပြီးတိုင်တန်းခဲ့ကို သူဌေးရဲ့စကားပြန်က အသေးအမွှားကိစ္စ တွေကိုတိုင်တန်းတာတွေလုပ်ခဲ့ကြောင့်လို့ဆိုကာ အလုပ်သမား ၆ ယောက်ကိုလျော်ကြေးပေးကာ အလုပ်ကထုတ်ပယ်တာတွေလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

လျော်ကြေးပေးကာအလုပ်ကထုတ်ပယ်တာတွေကို အလုပ်သမားတွေကဘက်က လက်ခံပြီးမှသာ ရိုက်နှက်ခိုင်းစေခဲ့တာကို လုပ်ငန်းရှင်တရုတ်သူဌေးကိုယ်တိုင်တောင်းပန်စေလိုတာကြောင့် MICS ကိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

Soundbite; ကိုသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)

ဆီလီကွန်စက်ရုံကအလုပ်သမား ၆ ဦးကိုရိုက်နှက်ခဲ့တဲ့ အလုပ်ငန်းရှင်သူဌေးက ဇူလိုင်လ ၁၂ ရက် ကပြန်လည်တောင်းပန်ခဲ့သလို နောက်ပိုင်းမှာစက်ရုံထဲကလုပ်သားတွေကိုလည်း အခုလိုမျိုးထပ်မလုပ် ဘူးလို့ကတိပေးခဲ့တာကြောင့် အလုပ်သမားတွေဘက်ကကြေအေးပေးလိုက်တာလည်းဖြစ်ပါတယ်ရှင်။