တ႐ုတ္လုပ္ငန္းရွင္ကို သတ္လို႔ ထိုင္းမွာ ျမန္မာအလုပ္သမားေတြ အဖမ္းခံရ

0
98

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုမွာ တ႐ုတ္ လုပ္ငန္းရွင္ကို သတ္ျဖတ္မႈမွာပါဝင္မႈ သံသယနဲ႔ ျမန္မာအလုပ္သမား ေလးဦးကို ဖမ္းဆီးလိုက္ပါတယ္။

ျမန္မာအလုပ္သမား ေလးဦးကို မေန႔ ၾသဂုတ္လ ၂၉ ရက္ေန႔ညက ပတၱယားမွာ ဖမ္းဆီးလိုက္ၿပီး စစ္ေဆးေမးျမန္းဖို႔ ဝမ္ေထာင္လန္ ရဲစခန္းကို လႊဲအပ္ထားပါတယ္။ ရဲက သံသယရွိလို႔ ဖမ္းဆီးသူေတြရဲ႕ အမည္ကို ထုတ္မေျပာေပမယ့္ သည္ ေနးရွင္း သတင္းစာကေတာ့ သံသယရွိသူ သံုးဦးရဲ႕ အမည္က အားတီ၊ အရွင္းနဲ႔ ေဂ်ႀကီးတို႔ ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

ဝမ္ေထာင္လန္ ခ႐ိုင္ရွိ စားေသာက္ဆိုင္တစ္ခုအတြင္း ခ်န္းယီဟိုင္ ဆိုသူကို သတ္ျဖတ္မႈမွာ ျမန္မာလုပ္သား ခုနစ္ဦးပါဝင္ၿပီး အဲဒီထဲက ေလးဦးကို အခု ဖမ္းမိတာ ျဖစ္ပါတယ္။ ေသဆံုးမႈ ျဖစ္တဲ့ေနရာမွာ ဘတ္ေငြ ၁၉၀၀၀ ကိုလည္း ေတြ႔ရွိရၿပီး ခ်န္းရဲ႕ ေဆြမ်ိဳးေတြ ေျပာၾကားခ်က္အရ ဒီစားေသာက္ဆိုင္ကို ဝီေရာ့ဆိုသူ ထိုင္းပိုင္ရွင္ဆီကေန ဝယ္ယူၿပီး လႊဲေျပာင္းဖို႔ လုပ္ေနခ်ိန္ ျဖစ္ပါတယ္။ ျမန္မာလုပ္သားေတြ ေသာက္စားၿပီး ဆူညံေနတာကို ခ်န္က ႀကိမ္းေမာင္းခဲ့လို႔ လုပ္သားေတြက ေဒါသထြက္ခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။ 

တရုတ်လုပ်ငန်းရှင်ကို သတ်လို့ ထိုင်းမှာ မြန်မာအလုပ်သမားတွေ အဖမ်းခံရ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ တရုတ် လုပ်ငန်းရှင်ကို သတ်ဖြတ်မှုမှာပါဝင်မှု သံသယနဲ့ မြန်မာအလုပ်သမား လေးဦးကို ဖမ်းဆီးလိုက်ပါတယ်။


မြန်မာအလုပ်သမား လေးဦးကို မနေ့ သြဂုတ်လ ၂၉ ရက်နေ့ညက ပတ္တယားမှာ ဖမ်းဆီးလိုက်ပြီး စစ်ဆေးမေးမြန်းဖို့ ဝမ်ထောင်လန် ရဲစခန်းကို လွှဲအပ်ထားပါတယ်။ ရဲက သံသယရှိလို့ ဖမ်းဆီးသူတွေရဲ့ အမည်ကို ထုတ်မပြောပေမယ့် သည် နေးရှင်း သတင်းစာကတော့ သံသယရှိသူ သုံးဦးရဲ့ အမည်က အားတီ၊ အရှင်းနဲ့ ဂျေကြီးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။


ဝမ်ထောင်လန် ခရိုင်ရှိ စားသောက်ဆိုင်တစ်ခုအတွင်း ချန်းယီဟိုင် ဆိုသူကို သတ်ဖြတ်မှုမှာ မြန်မာလုပ်သား ခုနစ်ဦးပါဝင်ပြီး အဲဒီထဲက လေးဦးကို အခု ဖမ်းမိတာ ဖြစ်ပါတယ်။ သေဆုံးမှု ဖြစ်တဲ့နေရာမှာ ဘတ်ငွေ ၁၉၀ဝ၀ ကိုလည်း တွေ့ရှိရပြီး ချန်းရဲ့ ဆွေမျိုးတွေ ပြောကြားချက်အရ ဒီစားသောက်ဆိုင်ကို ဝီရော့ဆိုသူ ထိုင်းပိုင်ရှင်ဆီကနေ ဝယ်ယူပြီး လွှဲပြောင်းဖို့ လုပ်နေချိန် ဖြစ်ပါတယ်။ မြန်မာလုပ်သားတွေ သောက်စားပြီး ဆူညံနေတာကို ချန်က ကြိမ်းမောင်းခဲ့လို့ လုပ်သားတွေက ဒေါသထွက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။