တ႐ုတ္မွာ ျပင္းအား ၆ မဂၢနီက်ဳရွိ ငလ်င္လႈပ္၊ ၁၂ ဦးေသ

0
79

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ ဒီေန႔ ဇြန္လ ၁၈ ရက္ေန႔က ျပင္းအား ၆ မဂၢနီက်ဳရွိ ငလ်င္ လႈပ္ခဲ့လို႔ ေသဆံုးသူ ၁၂ ဦးရွိၿပီး ဒဏ္ရာရသူ ၁၂၅ ဦး ရွိပါတယ္။ ရွာေဖြကယ္ဆယ္ေရး သမားေတြက အေဆာက္အဦ အပ်က္အစီးေတြၾကားမွာ အသက္ရွင္က်န္သူေတြကို ကယ္ထုတ္ေနပါတယ္။

စီခြ်မ္ျပည္နယ္၊ ယီဘင္ၿမိဳ႕ ေျမေအာက္ ၁၀ မိုင္အကြာမွာ ဗဟိုျပဳၿပီး ငလ်င္လႈပ္ခဲ့တာလို႔ တ႐ုတ္ ေျမငလ်င္ ကြန္ရက္ စင္တာက ေျပာပါတယ္။ ဟိုတယ္တစ္ခုကိုလည္း ပိတ္ထားလိုက္ရၿပီး ဒဏ္ရာရသူ ဘယ္ေလာက္ရွိတယ္ဆိုတာ မသိရေသးပါဘူး။ အေဝးေျပးလမ္းမေတြလည္း ကြဲအက္ခဲ့ပါတယ္။၂၀၀၈ ခုႏွစ္တုန္းကလည္း စီခြ်မ္ျပည္နယ္မွာ ၇ ဒသမ ၉ ျပင္းအားရွိ ငလ်င္လႈပ္ခဲ့လို႔ လူ ၆၉ ဦး ေသဆံုးၿပီး လူ ၅ သန္း အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ပါတယ္။

တရုတ်မှာ ပြင်းအား ၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်၊ ၁၂ ဦးသေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဒီနေ့ ဇွန်လ ၁၈ ရက်နေ့က ပြင်းအား ၆ မဂ္ဂနီကျုရှိ ငလျင် လှုပ်ခဲ့လို့ သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ ၁၂၅ ဦး ရှိပါတယ်။ ရှာဖွေကယ်ဆယ်ရေး သမားတွေက အဆောက်အဦ အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်သူတွေကို ကယ်ထုတ်နေပါတယ်။

စီချွမ်ပြည်နယ်၊ ယီဘင်မြို့ မြေအောက် ၁၀ မိုင်အကွာမှာ ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာလို့ တရုတ် မြေငလျင် ကွန်ရက် စင်တာက ပြောပါတယ်။ ဟိုတယ်တစ်ခုကိုလည်း ပိတ်ထားလိုက်ရပြီး ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ အဝေးပြေးလမ်းမတွေလည်း ကွဲအက်ခဲ့ပါတယ်။

၂၀ဝ၈ ခုနှစ်တုန်းကလည်း စီချွမ်ပြည်နယ်မှာ ၇ ဒသမ ၉ ပြင်းအားရှိ ငလျင်လှုပ်ခဲ့လို့ လူ ၆၉ ဦး သေဆုံးပြီး လူ ၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။