တ႐ုတ္ဆန္႔က်င္ေရး ဆႏၵျပသူ ၁၀၀ ကို ဗီယက္နမ္ ဖမ္းဆီး

0
476

ဗီယက္နမ္ႏိုင္ငံမွာ တ႐ုတ္ စီးပြားေရး လုပ္ငန္းရွင္ေတြ ရင္းႏွီးျမွပ္ႏွံမႈ အမ်ားဆံုး ျပဳလုပ္ထားတဲ့ အထူးစီးပြားေရးဇုန္ စီမံကိန္းကို ဆန္႔က်င္ဆႏၵျပခဲ့တဲ့ ရာနဲ႔ခ်ီတဲ့လူေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

ဗီယက္နမ္ႏုိ္င္ငံ အေရွ႕ေတာင္ပိုင္းရွိ ဘင္သူအန္ေဒသမွာ ရွိတဲ့ ျပည္သူ႔ေကာ္မတီ ရံုးခ်ဳပ္ကို ဆႏၵျပသူေတြက  ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့တယ္လို႔ ရဲေတြကေျပာပါတယ္။ အထူးစီးပြားေရးဇုန္ ျပဳလုပ္ထားတ့ဲကၽြန္းကို ႏွစ္ေပါင္း ၉၉ ႏွစ္ၾကာ ႏုိင္ငံျခားသားေတြကို ငွားရမယ့္ ဥပေဒတစ္ရပ္ အဆုိျပဳခဲ့ၿပီးေနာက္ အခုလို တ႐ုတ္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ အဲဒီ ငွားရမ္းမယ့္ဥပေဒကို အခု သီတင္းပတ္အတြင္း မဲခြဲဆံုးျဖတ္ဖုိ႔ စီစဥ္ထားေပမယ့္ အဲဒီအစဥ္ကို ေရႊ႕ဆုိင္းခဲ့ရပါတယ္။ လႊတ္ေတာ္ဥကၠ႒က ျပည္သူေတြရဲ႕ အျမင္ေတြ၊ ေဝဖန္သံေတြကို ၾကားခဲ့ရတယ္လုိ႔ ေျပာခဲ့ပါတယ္။ အဲဒီ ဥပေဒကို သတ္မွတ္လုိက္မယ္ဆုိရင္ ႀကီးမားတဲ့ ဆႏၵျပမႈေတြ ျဖစ္လာႏိုင္တယ္လုိ႔ သံုးသပ္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၀ဝ ကို ဗီယက်နမ် ဖမ်းဆီး

ဗီယက်နမ်နိုင်ငံမှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ ရင်းနှီးမြှပ်နှံမှု အများဆုံး ပြုလုပ်ထားတဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဗီယက်နမ်နိ်ုင်ငံ အရှေ့တောင်ပိုင်းရှိ ဘင်သူအန်ဒေသမှာ ရှိတဲ့ ပြည်သူ့ကော်မတီ ရုံးချုပ်ကို ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ အထူးစီးပွားရေးဇုန် ပြုလုပ်ထားတဲ့ကျွန်းကို နှစ်ပေါင်း ၉၉ နှစ်ကြာ နိုင်ငံခြားသားတွေကို ငှားရမယ့် ဥပဒေတစ်ရပ် အဆိုပြုခဲ့ပြီးနောက် အခုလို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေဟာ အဲဒီ ငှားရမ်းမယ့်ဥပဒေကို အခု သီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့် အဲဒီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူတွေရဲ့ အမြင်တွေ၊ ဝေဖန်သံတွေကို ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဥပဒေကို သတ်မှတ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။