တ႐ုတ္က ဖမ္းဆီးထားသူဟာ သူလွ်ိဳ မဟုတ္ေၾကာင္း ၾသစေၾတးလ် ေျပာ

0
39

တ႐ုတ္အစိုးရက စြပ္စြဲ ဖမ္းဆီးထားသူဟာ သူလွ်ိဳ မဟုတ္ဘဲ လံုးဝ လြဲမွားေနေၾကာင္း ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာက္ ေမာ္ရီစဆန္က ေျပာပါတယ္။

ၾသစေၾတးလ်ႏိုင္ငံသား စာေရးဆရာ ယန္ ဟန္ဂြ်န္ကို သူလွ်ိဳလို႔ စြပ္စြဲၿပီး တ႐ုတ္အစိုးရက ေဘဂ်င္းၿမိဳ႕မွာ လြန္ခဲ့တဲ့ ခုနစ္လက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ သူလွ်ိဳလို႔ စြပ္စြဲတာ လံုးဝ လြဲမွားေနေၾကာင္း၊ မိမိႏိုင္ငံသားေတြကို အကာအကြယ္ေပးမွာ ျဖစ္ေၾကာင္း မစၥတာ ေမာ္ရီဆန္က ေျပာပါတယ္။

ယန္အေပၚ တရားစြဲဆိုမႈကို ၾသဂုတ္လ ၂၇ ရက္ေန႔က စတင္ခဲ့ပါတယ္။ မဲလ္ဘုန္းၿမိဳ႕အေျခစိုက္ ေရွ႕ေနျဖစ္တဲ့ ေရာ့ဘ္ စထေရးက ၾသစေၾတးလ်အတြက္ ဒါမွမဟုတ္ အေမရိကန္အတြက္ သူလွ်ိဳမႈနဲ႔ စြပ္စြဲသလားဆိုတာ မသိရေၾကာင္း၊ ယန္ကို ဘေလာ္ဂါ၊ ဒီမိုကေရစီအေရး လႈပ္ရွားသူအျဖစ္သာ သိထားၾကေၾကာင္း ေျပာပါတယ္။ 

တရုတ်က ဖမ်းဆီးထားသူဟာ သူလျှို မဟုတ်ကြောင်း သြစတြေးလျ ပြော


တရုတ်အစိုးရက စွပ်စွဲ ဖမ်းဆီးထားသူဟာ သူလျှို မဟုတ်ဘဲ လုံးဝ လွဲမှားနေကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကောက် မော်ရီစဆန်က ပြောပါတယ်။


သြစတြေးလျနိုင်ငံသား စာရေးဆရာ ယန် ဟန်ဂျွန်ကို သူလျှိုလို့ စွပ်စွဲပြီး တရုတ်အစိုးရက ဘေဂျင်းမြို့မှာ လွန်ခဲ့တဲ့ ခုနစ်လက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူလျှိုလို့ စွပ်စွဲတာ လုံးဝ လွဲမှားနေကြောင်း၊ မိမိနိုင်ငံသားတွေကို အကာအကွယ်ပေးမှာ ဖြစ်ကြောင်း မစ္စတာ မော်ရီဆန်က ပြောပါတယ်။


ယန်အပေါ် တရားစွဲဆိုမှုကို သြဂုတ်လ ၂၇ ရက်နေ့က စတင်ခဲ့ပါတယ်။ မဲလ်ဘုန်းမြို့အခြေစိုက် ရှေ့နေဖြစ်တဲ့ ရော့ဘ် စထရေးက သြစတြေးလျအတွက် ဒါမှမဟုတ် အမေရိကန်အတွက် သူလျှိုမှုနဲ့ စွပ်စွဲသလားဆိုတာ မသိရကြောင်း၊ ယန်ကို ဘလော်ဂါ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ်သာ သိထားကြကြောင်း ပြောပါတယ်။