တံတုိင္းတည္ေဆာက္ဖုိ႔အေမရိကန္ သမၼတ အေရးေပၚအေျခေနကို အတုိက္ခံေတြ ေ၀ဖန္

0
328

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က နိုင္ငံ ေတာင္ပိုင္းရွိ မကၠဆီကို နယ္စပ္တစ္ေလၽွာက္မွာ တံတိုင္းတည္ေဆာက္ေရး ရန္ပုံေငြ အသုံးျပဳခြင့္ေပးမယ့္ နိုင္ငံ့အေရးေပၚ အေျခအေန တစ္ရပ္ ေၾကညာမႈအေပၚ အတုိက္ခံပါတီေတြက ျပစ္တင္ေ၀ဖန္ေနပါတယ္။

သမၼတ ထရမ့္က နယ္စပ္မွာ နိုင္ငံ့လုံျခဳံေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားေရး ဆိုင္ရာ အက်ပ္အတည္းေတြ ရပ္တန႔္သြားေစဖို႔ အေရးေပၚအေျခအေနတစ္ရပ္ ပါဝင္တဲ့ အမိန႔္ထုတ္ျပန္မယ္လို႔ ဆိုထားေၾကာင္း အိမ္ျဖဴေတာ္က ဆိုပါတယ္။

တံတိုင္းအတြက္ အေမရိကန္ေဒၚလာ ၁.၃ဘီလီယံေလာက္ ပါဝင္တဲ့ ဘတ္ဂ်က္မူၾကမ္းကို လႊတ္ေတာ္ႏွစ္ရပ္လုံးက  အတည္ျပဳခဲ့ပါတယ္။ မစၥတာ ထရမ့္က နယ္စပ္တံတိုင္းအတြက္ အေမရိကန္ေဒၚလာ ၅.၇ဘီလီယံ ေတာင္းဆိုထားတာ ျဖစ္တဲ့အတြက္ ဘတ္ဂ်က္ကိစၥကို ေက်နပ္မႈမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တံတိုင်းတည်ဆောက်ဖို့အမေရိကန် သမ္မတ အရေးပေါ်အခြေနေကို အတိုက်ခံတွေ ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံ တောင်ပိုင်းရှိ မက္ကဆီကို နယ်စပ်တစ်လျှောက်မှာ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေ အသုံးပြုခွင့်ပေးမယ့် နိုင်ငံ့အရေးပေါ် အခြေအနေ တစ်ရပ် ကြေညာမှုအပေါ် အတိုက်ခံပါတီတွေက ပြစ်တင်ဝေဖန်နေပါတယ်။

သမ္မတ ထရမ့်က နယ်စပ်မှာ နိုင်ငံ့လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အကျပ်အတည်းတွေ ရပ်တန့်သွားစေဖို့ အရေးပေါ်အခြေအနေတစ်ရပ် ပါဝင်တဲ့ အမိန့်ထုတ်ပြန်မယ်လို့ ဆိုထားကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

တံတိုင်းအတွက် အမေရိကန်ဒေါ်လာ ၁.၃ဘီလီယံလောက် ပါဝင်တဲ့ ဘတ်ဂျက်မူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက  အတည်ပြုခဲ့ပါတယ်။ မစ္စတာ ထရမ့်က နယ်စပ်တံတိုင်းအတွက် အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံ တောင်းဆိုထားတာ ဖြစ်တဲ့အတွက် ဘတ်ဂျက်ကိစ္စကို ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။