တူရကီ သြားမယ့္ ဘဂၤါလီ ဒုကၡသည္သံုးဦး အဖမ္းခံရ

0
113

ဥေရာပေရာက္ ဘဂၤါလီေတြရဲ႕ ေထာက္ပံ့မႈနဲ႔ တူရကီႏိုင္ငံကို ခရီးသြားမယ့္ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ သံုးဦးကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံကူးလက္မွတ္ေတြနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။

သူတို႔ကို စက္တင္ဘာလ ၅ ရက္ေန႔ ညက ဖမ္းမိခဲ့တာ ျဖစ္ၿပီး စစ္ေဆးခ်က္ေတြအရ ဘဂၤလားေဒ့ရွ္ အေရွ႕ေတာင္ပိုင္း ႏိုအာခါလီ ျပည္နယ္က ပြဲစားေဆြဆီကတစ္ဆင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကူး လက္မွတ္ေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဖမ္းမိတဲ့ သံုးဦးကေတာ့ မက္ဒ္ ယူဆြတ္ (၂၃ ႏွစ္)၊ သူ႔ရဲ႕ညီျဖစ္သူ မက္ဒ္ မူဆာ (၂၀ ႏွစ္) နဲ႔ အဇစ္ (၂၁ ႏွစ္) တို႔ ျဖစ္ၿပီး ဒါကာ-စစ္တေကာင္း အေဝးေျပးလမ္းမေပၚမွာ ရဲက ဖမ္းဆီးခဲ့တာပါ။

သူတို႔ဟာ ဟာကမ္ပါရာ ဘဂၤါလီ ဒုကၡသည္စခန္းက ျဖစ္ပါတယ္။ သူတို႔ဟာ WhatsApp အပလီေကးရွင္း ကတစ္ဆင့္ ‘ဥေရာပ ႐ိုဟင္ဂ်ာ ေကာင္စီ’ ဆိုတဲ့အဖြဲ႔နဲ႔ ခ်ိတ္ဆက္မိၿပီး ဥေရာပကို သြားဖို႔ စီစဥ္ခဲ့တာလို႔ ဖမ္းမိသူ သံုးဦးက ရဲကို ထြက္ဆိုခဲ့ပါတယ္။ အဲဒီ ေကာင္စီက ဒါကာၿမိဳ႕ရွိ တူရကီသံ႐ံုးမွာ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ဖို႔ ညႊန္ၾကားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ကို တရား႐ံုးမပို႔ခင္ စံုစမ္းစစ္ေဆးဖို႔ ရမန္ ငါးရက္ ယူထားပါတယ္။

တူရကီ သွားမယ့် ဘင်္ဂါလီ ဒုက္ခသည်သုံးဦး အဖမ်းခံရ


ဥရောပရောက် ဘင်္ဂါလီတွေရဲ့ ထောက်ပံ့မှုနဲ့ တူရကီနိုင်ငံကို ခရီးသွားမယ့် ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် သုံးဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်တွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။


သူတို့ကို စက်တင်ဘာလ ၅ ရက်နေ့ ညက ဖမ်းမိခဲ့တာ ဖြစ်ပြီး စစ်ဆေးချက်တွေအရ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နိုအာခါလီ ပြည်နယ်က ပွဲစားဆွေဆီကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိတဲ့ သုံးဦးကတော့ မက်ဒ် ယူဆွတ် (၂၃ နှစ်)၊ သူ့ရဲ့ညီဖြစ်သူ မက်ဒ် မူဆာ (၂၀ နှစ်) နဲ့ အဇစ် (၂၁ နှစ်) တို့ ဖြစ်ပြီး ဒါကာ-စစ်တကောင်း အဝေးပြေးလမ်းမပေါ်မှာ ရဲက ဖမ်းဆီးခဲ့တာပါ။


သူတို့ဟာ ဟာကမ်ပါရာ ဘင်္ဂါလီ ဒုက္ခသည်စခန်းက ဖြစ်ပါတယ်။ သူတို့ဟာ WhatsApp အပလီကေးရှင်း ကတစ်ဆင့် ‘ဥရောပ ရိုဟင်ဂျာ ကောင်စီ’ ဆိုတဲ့အဖွဲ့နဲ့ ချိတ်ဆက်မိပြီး ဥရောပကို သွားဖို့ စီစဉ်ခဲ့တာလို့ ဖမ်းမိသူ သုံးဦးက ရဲကို ထွက်ဆိုခဲ့ပါတယ်။ အဲဒီ ကောင်စီက ဒါကာမြို့ရှိ တူရကီသံရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို တရားရုံးမပို့ခင် စုံစမ်းစစ်ဆေးဖို့ ရမန် ငါးရက် ယူထားပါတယ်။