တူရကီ ဝန္ႀကီးႏွစ္ဦးကို အေမရိကန္ ပိတ္ဆုိ႔မႈမွ ေျဖေလွ်ာ့

0
720

အေမရိကန္ႏုိင္ငံဟာ တူရကီသမၼတ အာဒိုဂမ္ အစိုးရအဖြဲ႔က ဝန္ႀကီးႏွစ္ဦးအေပၚ ပိတ္ဆုိ႔မႈ ခ်မွတ္ထားတာကို ေျဖေလွ်ာ့ေပးခဲ့ရာ ႏွစ္ႏုိင္ငံၾကား ဆက္ဆံေရး ျပန္ေကာင္းဖြယ္ ရွိေနပါတယ္။

တူရကီႏုိင္ငံဟာ အေမရိကန္ ႏိုင္ငံသား ခရစ္ယာန္ ဘာသာေရးဆရာကို သီတင္းပတ္ သံုးပတ္ၾကာ ထိန္းသိမ္းထားမႈက ျပန္လႊတ္ေပးခဲ့ၿပီးေနာက္ အေမရိကန္က ပိတ္ဆုိ႔ထားတာကို ေျဖေလွ်ာ့ေပးလုိက္တာ ျဖစ္ပါတယ္။ အေမရိကန္ ခရစ္ယာန္သင္းအုပ္ဆရာ အန္ဒ႐ူး ဘရြန္ဆန္ ဖမ္းဆီးခံရၿပီးေနာက္ အေမရိကန္ဟာ ၾသဂုတ္လက တူရကီ တရားေရးဝန္ႀကီးနဲ႔ ျပည္ထဲေရး ဝန္ႀကီးတုိ႔ကို ပိတ္ဆုိ႔အေရးယူခဲ့ပါတယ္။

တူရကီႏုိင္ငံကလည္း အေမရိကန္ ျပည္ထဲေရးဝန္ႀကီးနဲ႔ ေရွ႕ေနခ်ဳပ္တုိ႔ကို ပိတ္ဆုိ႔မႈခ်မွတ္ထားရာက ျပန္လည္ ေျဖေလွ်ာ့ေပးခဲ့ပါတယ္။ သင္းအုပ္ဆရာ ဘရြန္ဆန္ဟာ တူရကီႏုိင္ငံမွာ ႏွစ္ေပါင္း ၂၀ ၾကာ ေနထုိင္ခဲ့ၿပီး တူရကီမွာ ၂၀၁၆ ခုႏွစ္က ျဖစ္ခဲ့တဲ့ မေအာင္ျမင္တဲ့ အာဏာသိမ္းမႈမွာ ပါဝင္တယ္လုိ႔ စြပ္စြဲခံရကာ ဖမ္းဆီးခံရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တူရကီ ဝန်ကြီးနှစ်ဦးကို အမေရိကန် ပိတ်ဆို့မှုမှ ဖြေလျှော့

အမေရိကန်နိုင်ငံဟာ တူရကီသမ္မတ အာဒိုဂမ် အစိုးရအဖွဲ့က ဝန်ကြီးနှစ်ဦးအပေါ် ပိတ်ဆို့မှု ချမှတ်ထားတာကို ဖြေလျှော့ပေးခဲ့ရာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်ကောင်းဖွယ် ရှိနေပါတယ်။

တူရကီနိုင်ငံဟာ အမေရိကန် နိုင်ငံသား ခရစ်ယာန် ဘာသာရေးဆရာကို သီတင်းပတ် သုံးပတ်ကြာ ထိန်းသိမ်းထားမှုက ပြန်လွှတ်ပေးခဲ့ပြီးနောက် အမေရိကန်က ပိတ်ဆို့ထားတာကို ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ အန်ဒရူး ဘရွန်ဆန် ဖမ်းဆီးခံရပြီးနောက် အမေရိကန်ဟာ သြဂုတ်လက တူရကီ တရားရေးဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတို့ကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။

တူရကီနိုင်ငံကလည်း အမေရိကန် ပြည်ထဲရေးဝန်ကြီးနဲ့ ရှေ့နေချုပ်တို့ကို ပိတ်ဆို့မှုချမှတ်ထားရာက ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ သင်းအုပ်ဆရာ ဘရွန်ဆန်ဟာ တူရကီနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့ပြီး တူရကီမှာ ၂၀၁၆ ခုနှစ်က ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရကာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။