တုိင္းရင္းသား မ်ဳိးႏြယ္စု (လူမ်ဳိး) အလုိက္ လူဦးေရစာရင္း ထုတ္ျပန္ႏိုင္ဖို႔ စတင္လုပ္ေဆာင္ေန

0
54

တုိင္းရင္းသား လူမ်ဳိးေတြရဲ႕ မ်ဳိးႏြယ္စု (လူမ်ဳိး) အလိုက္ လူဦးေရစာရင္း ထုတျ္ပန္နုိင္ေရးအတြက္ ပညာရွင္ေတြနဲ႔ ညိိွႏႈိင္းေဆြးေႏြးမႈေတြကုိ စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

ၾသဂုတ္လ ၁၄ ရက္ေန႔က ေနျပည္ေတာ္မွာ ဒုတိယအႀကိမ္ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေမာင္ေတာမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတ္ာ ကုိယ္စားလွယ္ ဦးလွထြန္းေက်ာ္က တုိင္းရင္းသား မ်ိဳးႏြယ္စု (လူမ်ဳိး) အလုိက္ လူဦးေရစာရင္း ထုတ္ျပန္ေပးဖို႔ ရွိ၊ မရွိ ေမးျမန္းခဲ့တဲ့ေပၚ ဝန္ႀကီးက အခုလုိ ျပန္လည္ေျဖၾကားခဲ့တာပါ။

လက္ရွိမွာ တုိင္းရင္းသား မ်ဳိးႏြယ္စု (လူမ်ဳိး) အလုိက္ လူဦးေရစာရင္း ထုတ္ျပန္ႏုိင္ေရးအတြက္ ၿမိဳ႕နယ္၊ ျပည္နယ္၊ ခ႐ိုင္ေတြမွာလည္း တုိင္းရင္းသား ေကာ္မတီဝင္ေတြ၊ တုိင္းရင္းသား ေခါင္းေဆာင္ေတြ၊ တုိင္းရင္းသား ကုိယ္စားလွယ္ေတြ၊ သမုိင္းပညာရွင္ေတြနဲ႔ စတင္ၿပီး ေဆြးေႏြးေနၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။

တိုင်းရင်းသား မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ဖို့ စတင်လုပ်ဆောင်နေ


တိုင်းရင်းသား လူမျိုးတွေရဲ့ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတြ်ပန်နိုင်ရေးအတွက် ပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။


သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ဒုတိယအကြိမ်ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မောင်တောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က တိုင်းရင်းသား မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့တဲ့ပေါ် ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


လက်ရှိမှာ တိုင်းရင်းသား မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် မြို့နယ်၊ ပြည်နယ်၊ ခရိုင်တွေမှာလည်း တိုင်းရင်းသား ကော်မတီဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ သမိုင်းပညာရှင်တွေနဲ့ စတင်ပြီး ဆွေးနွေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။