တုိက္ပြဲေတြေၾကာင့္ စီးပြားေရးလုပ္ငန္းတခ်ိဳ႕ ထိခိုက္ေတြ ရွိေန

0
435

ေလးၿမိဳ႕ျမစ္အတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ စီးပြားေရးလုပ္ငန္းတခ်ိဳ႕ ထိခိုက္မႈေတြရွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ အေစာပိုင္းကစတင္ၿပီး တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႔တုိ႔အၾကား တုိက္ပြဲေတြျဖစ္ပြားခဲ့တဲ့အတြက္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ ေဒသခံတိုင္းရင္းသား စစ္ေဘးေရွာင္ဦးေရဟာ တစ္လအတြင္းမွာ သံုးေထာင္ေက်ာ္ထိ ရွိခဲ့တာပါ။

ဒါ့အျပင္ တိုက္ပြဲေတြျဖစ္ပြားရာေဒသတစ္ခုျဖစ္တဲ့ ေလးၿမိဳ႕ျမစ္ေၾကာင္းအတြင္းက စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္နစ္နာမႈေတြရွိေနတယ္လို႔ ေဆာင္းသီးႏွံစိုက္ပ်ိဳးလုပ္ကိုင္ေနၾကတဲ့ ေတာင္သူေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးေမာင္လွျမင့္ (ေျမပဲစိုက္ေတာင္သူ)
စေဘၤာကိုင္းေက်းရြာ

ၿပီးခဲ့တဲ့ ေဆာင္းသီးႏွံစိုက္ပ်ိုးရာသီးက သီးႏွံေတြအထြက္အေကာင္းခဲ့ၾကေပမယ့္ ရိတ္သိမ္းခ်ိန္မွာ ေဒသတြင္းစစ္ပြဲေတြ ျဖစ္ပြားခ့ဲတာေၾကာင့္ ရိတ္သိမ္းဆဲသီးႏွံေတြ ပ်က္စီးဆံုးရံႈးခဲ့ရသလို ရိတ္သိမ္းၿပီးသီးႏွံေတြကိုလည္း ဝယ္ယူသူမရွိတာေၾကာင့္ ေတာင္သူေတြအေနနဲ႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးသန္းႏုိင္မိုး (ကိုင္းလုပ္ငန္းရွင္)
စေဘၤာကိုင္းေက်းရြာ

ဒါ့အျပင္ ေဒသတြင္းတုိက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ေဒခံေက်းရြာသားေတြ ေထာင္နဲ႔ခ်ီၿပီး ေနရပ္စြန္႔ခြာေနၾကရတာေၾကာင့္ လုပ္ငန္းရွင္ေတြအေနနဲ႔ အလုပ္သမားရွားပါးမႈ ျပႆနာနဲ႔ရင္ဆိုင္ေနၾကရပါတယ္။ ေန႔စားအလုပ္လုပ္ကိုင္ေနၾကတဲ့ အလုပ္သမားေတြအတြက္လည္း စားဝတ္ေနေရးေတြကို အမ်ားစြာထိခိုက္မႈေတြရွိေနတာေၾကာင့္ ေရရွည္မွာ ပိုမိုၿပီးေတာ့ အခက္အခဲေတြနဲ႔ ႀကံဳေတြ႔လာရႏုိင္တယ္လို႔ ဦးသန္းႏုိင္မိုးကေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ပွဲတွေကြောင့် စီးပွားရေးလုပ်ငန်းတချို့ ထိခိုက်တွေ ရှိနေ

လေးမြို့မြစ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စီးပွားရေးလုပ်ငန်းတချို့ ထိခိုက်မှုတွေရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းကစတင်ပြီး တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတိုင်းရင်းသား စစ်ဘေးရှောင်ဦးရေဟာ တစ်လအတွင်းမှာ သုံးထောင်ကျော်ထိ ရှိခဲ့တာပါ။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားရာဒေသတစ်ခုဖြစ်တဲ့ လေးမြို့မြစ်ကြောင်းအတွင်းက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူတွေက ပြောပါတယ်။

အင်တာဗျူး – ဦးမောင်လှမြင့် (မြေပဲစိုက်တောင်သူ)
စင်္ဘောကိုင်းကျေးရွာ

ပြီးခဲ့တဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီးက သီးနှံတွေအထွက်အကောင်းခဲ့ကြပေမယ့် ရိတ်သိမ်းချိန်မှာ ဒေသတွင်းစစ်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ရိတ်သိမ်းဆဲသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရသလို ရိတ်သိမ်းပြီးသီးနှံတွေကိုလည်း ဝယ်ယူသူမရှိတာကြောင့် တောင်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးသန်းနိုင်မိုး (ကိုင်းလုပ်ငန်းရှင်)
စင်္ဘောကိုင်းကျေးရွာ

ဒါ့အပြင် ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေခံကျေးရွာသားတွေ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာနေကြရတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားရှားပါးမှု ပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ်။ နေ့စားအလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက်လည်း စားဝတ်နေရေးတွေကို အများစွာထိခိုက်မှုတွေရှိနေတာကြောင့် ရေရှည်မှာ ပိုမိုပြီးတော့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဦးသန်းနိုင်မိုးကပြောပါတယ် ခင်ဗျား။