
0
51


ဒီကနေ့ သြဂုတ်လ ၃၁ ရက်ေန့က ကျိုင်းတုံမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြောင်း တပ်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ဆက်လက်ဆွေးနွေးဖို့ ပူးတွဲထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။


တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်အောင် ကြိုးပမ်းမယ်လို့ အစိုးရ နဲ့ မြောက်ပိုင်းလေးဖွဲ့ ပူးတွဲထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်အောင် ကြိုးပမ်းသွားမမယ်လို့ အစိုးရနဲ့ ကချင်အဖွဲ့(KIO/KIA)၊ တအောင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့က ဒီကနေ့ နေ့လည်ပိုင်းက ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရကေ်န့က ကျိုင်းတုံမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြောင်း တပ်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ဆက်လက်ဆွေးနွေးဖို့ ပူးတွဲထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

Bilateral အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် NCA နဲ့ ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းသွားဖို့၊ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်နိုင်ရေးကို နှစ်ဖက်စလုံးက ကြိုးပမ်းသွားဖို့ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။