တုိက္စစ္မွဴးကာဗာနီ နဲ႔ ဘက္ပီ တုိ႔ ဒဏ္ရာရသြားလို႔ ပီအက္ဂ်ီအသင္း ထုိးႏွက္ခ်က္ၾကံဳ

0
80

တိုက္စစ္မွဴး ဘက္ပီ ၊ ကာဗာနီတို႔  ဒဏ္ရာရရွိသြားတဲ့အတြက္ ပီအက္ဂ်ီအသင္းဟာ ထိုးႏွက္ခ်က္ေတြ ျဖစ္လာဖြယ္ရွိတယ္လို႔ ဘီဘီစီ သတင္းဌာနကေဖာ္ျပပါတယ္။ တူးေလာက္စ့္ နဲ႔ ကစားတဲ့ပြဲစဥ္မွာ ကစားသမားႏွစ္ဦးစလံုးဟာ ဒဏ္ရာရသြားခဲ့ၿပီး တိုက္စစ္မွဴးကာဗာနီ ဟာ ပြဲခ်ိန္ ၁၄ မိနစ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲခံရပါတယ္။ 

ဒါ့အျပင္တိုက္စစ္မွဴး ဘက္ပီ ကိုလည္း ေပါင္ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရတယ္လို႔ ဘီဘီစီသတင္းမွာေဖာ္ျပထားပါတယ္။ ဘက္ပီ နဲ႔ ကာဗာနီတို႔ရဲ႕ ဒဏ္ရာကိုအေသးစိတ္ စမ္းသပ္စစ္ေဆးၿပီးခ်ိန္မွသာ အနားယူရမယ့္အေျခေနကို အတိက်သိရွိႏိုင္မွာျဖစ္ပါတယ္။  

တူးေလာက္စ္ နဲ႔ ကစားတဲ့ပြဲမွာ  ဘက္ပီ နဲ႔ ကာဗာနီဒဏ္ရာရသြားေပမယ့္ ပီအက္ဂ်ီအသင္းဟာ အဓိကတိုက္စစ္မွဴး ေနမာကို အသံုးမျပဳခဲ့ပါဘူး။ ရီးရဲမက္ဒရစ္ ၊ ဘာစီလုိနာတို႔ကေခၚယူဖုိ႔ စိတ္၀င္စားခံေနရတဲ့ တုိက္စစ္မွဴးေနမာဟာ အသင္းကေန ထြက္ခြာဖို႔ အလားလာမ်ားေနတယ္လို႔ ၿဗိတိန္ သတင္းေတြကေဖာ္ျပပါတယ္။

တိုက်စစ်မှူးကာဗာနီ နဲ့ ဘက်ပီ တို့ ဒဏ်ရာရသွားလို့ ပီအက်ဂျီအသင်း ထိုးနှက်ချက်ကြုံ

တိုက်စစ်မှူး ဘက်ပီ ၊ ကာဗာနီတို့ ဒဏ်ရာရရှိသွားတဲ့အတွက် ပီအက်ဂျီအသင်းဟာ ထိုးနှက်ချက်တွေ ဖြစ်လာဖွယ်ရှိတယ်လို့ ဘီဘီစီ သတင်းဌာနကဖော်ပြပါတယ်။ တူးလောက်စ့် နဲ့ ကစားတဲ့ပွဲစဉ်မှာ ကစားသမားနှစ်ဦးစလုံးဟာ ဒဏ်ရာရသွားခဲ့ပြီး တိုက်စစ်မှူးကာဗာနီ ဟာ ပွဲချိန် ၁၄ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခံရပါတယ်။

ဒါ့အပြင်တိုက်စစ်မှူး ဘက်ပီ ကိုလည်း ပေါင်ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။ ဘက်ပီ နဲ့ ကာဗာနီတို့ရဲ့ ဒဏ်ရာကိုအသေးစိတ် စမ်းသပ်စစ်ဆေးပြီးချိန်မှသာ အနားယူရမယ့်အခြေနေကို အတိကျသိရှိနိုင်မှာဖြစ်ပါတယ်။

တူးလောက်စ် နဲ့ ကစားတဲ့ပွဲမှာ ဘက်ပီ နဲ့ ကာဗာနီဒဏ်ရာရသွားပေမယ့် ပီအက်ဂျီအသင်းဟာ အဓိကတိုက်စစ်မှူး နေမာကို အသုံးမပြုခဲ့ပါဘူး။ ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာတို့ကခေါ်ယူဖို့ စိတ်ဝင်စားခံနေရတဲ့ တိုက်စစ်မှူးနေမာဟာ အသင်းကနေ ထွက်ခွာဖို့ အလားလာများနေတယ်လို့ ဗြိတိန် သတင်းတွေကဖော်ပြပါတယ်။