
0
119




တုပ်ကွေးလက္ခဏာ စောင့်ကြည့်ရေး လုပ်ငန်းကို ဆေးရုံ ၁၅ ခုမှာ တိုးချဲ့မယ်


တုပ်ကွေးဆန်သော ရောဂါလက္ခဏာ ဖြစ်ပွားမှုစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းကို ဆေးရုံ ၁၅ ခုမှာ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက သတင်းထုတ်ပြထားပါတယ်။


အခု ၂၀၁၉ ခုနှစ်အတွင်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန် ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာ ပြည်သူ့ ဆေးရုံကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး စုစုပေါင်း ၁၅ ခုမှာ တိုးချဲ့မှာ ဖြစ်ပါတယ်။


ပြည်သူ့ကျန်းမာရေး ပြဿနာ ဖြစ်ပွားနိုင်တဲ့ ကူးစက်ရောဂါတွေ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်မျဉ်းများ (၂၀ဝ၅) နဲ့အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်း အဖွဲ့အစည်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး ဆေးရုံကြီး ရှစ်ရုံမှာ တိုးချဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။