တီထွင်လိုတဲ့ စိတ်ကူးရှိတဲ့လူငယ်တွေအတွက် Hackathon လိုပြိုင်ပွဲတွေပြုလုပ်ဖို့ရှိနေ

0
110




Ooredoo Myanmar



Ooredoo Myanmar

Ooredoo Myanmar နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး စွန့်ဦးတီထွင်မှုနဲ့ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုတွေကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကာ  Hackathon နည်းပညာဆိုင်ရာ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အနိုင်ရရှိခဲ့တဲ့ အသင်းသုံးသင်းရဲ့ နည်းပညာတီထွင်ဆန်းသစ်မှုကို သရုပ်ပြတင်ဆက်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

နည်းပညာတီထွင်ဆန်းသစ်လိုတဲ့ လူငယ်တွေ တီထွင်လိုတဲ့ စိတ်ကူးတစ်ခုရှိရုံနဲ့ အကောင်အထည်ဖော်နိုင်မယ့် Hackathon လို ပြိုင်ပွဲတွေကို ပြုလုပ်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန် က ပေးပို့ထားပါတယ်။

လူငယ်တွေ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး နည်းပညာတီထွင်ဆန်းသစ်လိုတဲ့ လူငယ်တွေ တီထွင်ချင်တဲ့ စိတ်ကူးတစ်ခုရှိရုံနဲ့ အကောင်အထည်ဖော်နိုင်မယ့် Hackathon လို တီထွင်ဆန်းမှုပွဲတွေ ကျင်းပပြုလုပ်ပေးသွားဖို့ရှိတယ်လို့ အူရီးဒူးမြန်မာ က ပြောပါတယ်။

Soundbite – ဦးတင့်နိုင်ထွဋ် (Head of Corporate Communications)
Ooredoo Myanmar

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အင်တာနက် မြန်နှုန်းဟာ ဒေသတွင်း နိုင်ငံတွေနည်းတူ မြန်နှုန်းကောင်းတဲ့ အဆင့်တစ်ခုမှာရှိလို့ ဒီဂျစ်တယ်နည်းပညာကဏ္ဍကို အခြားနိုင်ငံတွေနဲ့တန်းတူ အမှီလိုက်နိုင်ဖို့အတွက် အသုံးချနိုင်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။

Soundbite – ဦးတင့်နိုင်ထွဋ် (Head of Corporate Communications)
Ooredoo Myanmar

Ooredoo Myanmar နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တိ်ု့ ပူးပေါင်းပြီး စွန့်ဦးတီထွင်မှုနဲ့ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုတွေကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကာ Hackathon နည်းပညာဆိုင်ရာ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အနိုင်ရရှိခဲ့တဲ့ အသင်းသုံးသင်းရဲ့ နည်းပညာတီထွင်ဆန်းသစ်မှုကို သရုပ်ပြတင်ဆက်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။