တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ တ႐ုတ္ သံအမတ္ႀကီးတုိ႔ ေတြ႔ဆုံ

0
77

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဟာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ကုိ တိုင္းေဒသႀကီးအစိုးရအဖြဲ႔႐ံုး၊ သံတမန္ခန္းမမွာ ဒီကေန႔ ၾသဂုတ္လ ၁၅ ရက္ေန႔က ေတြ႔ဆုံခဲ့ပါတယ္။

ေတြ႔ဆံုစဥ္မွာ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးနဲ႔ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈေတြ၊ တုိးျမွင့္ေဆာင္ရြက္ရမယ့္ အစီအစဥ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

ေတြ႔ဆံုပြဲကို လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေအာင္စိုးမိုး၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးနဲ႔ ဌာနဆိုင္ရာ တာဝန္႐ွိသူေတြ တက္​​ေရာက္​ခဲ့ၾကပါတယ္။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တရုတ် သံအမတ်ကြီးတို့ တွေ့ဆုံ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမမှာ ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။


တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ တိုးမြှင့်ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်။