
0
105




တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ပါတီထောင်ရတာလို့ သူရဦးရွှေမန်းပြော


တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ နဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ပေးဖို့ ပါတီတည်ထောင်ရတာဖြစ်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရှိ Snow White Hotel ခန်းမ မှာ ပါတီအပေါ်စိတ်ဝင်စားသူတွေ နဲ့ တွေ့ဆုံစဉ်မှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။


ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ရတာဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ ရရှိအောင် ဆောက်ရွက်ပေးလို၍ဖြစ်ကြောင်း၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုတာဟာလည်း ရရှိနိုင်မှာမဟုတ်ကြောင်း သူရဦးရွှေမန်းကပြောဆိုခဲ့ပါတယ်။