
0
48




တိုင်းရင်းသားဘာသာ စကားသင်ကြားနေတဲ့ ကျောင်သားပေါင်း တစ်သောင်းကျော်ရှိ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တိုင်းရင်းသားဘာသာ စကားသင်ကြားနေတေဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(လချုပ်) စာရင်းအရ တစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။


တိုင်းရင်းသားဘာသာ စကားကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း(၁၃)မြို့ရှိ ကျောင်းပေါင်း ၂၈၄ ကျာင်းမှာ Grade-1 ၊ Grade-2 နဲ့ Grade-3 ကို သင်ကြားပေးနေတာဖြစ်တယ်လို့ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတွေမှာ စကောကရင်၊ အနောက်ပိုးကရင်၊ ရှမ်းစာပေနဲ့ အရှိုချင်းစတဲ့ တိုင်းရင်းသားစာပေတွေကို သင်ကြားနေတာဖြစ်ပါတယ်။