
0
33




တိုကျိုမြို့ဟာ ကမာ့္ဘ ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံရ


ဂျပန်နိုင်ငံ၊ တိုကျိုကို ကမ္ဘာ့ ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့လို့ The Economist Intelligence Unit အဖွဲ့ရဲ့ Safe Cities Index 2019 မှာ ဖော်ပြထားပါတယ်။


အဲဒီ အစီရင်ခံစာမှာ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူသေဆုံးမှု အပါအဝင် အကြောင်းအချက် ၅၀ လောက်ပါဝင်တဲ့ စိစစ်ချက်တွေအပေါ် အခြေခံပြီး ကမ္ဘာ့အဓိက မြို့ကြီးတွေကို အဆင့် သတ်မှတ်ခဲ့ပါတယ်။ တိုကျိုမြို့ဟာ ၂၀၁၉ ခုနှစ်မှာ မြို့ကြီးပေါင်း ၆၀ အနက် ထိပ်ဆုံးမှာ ရှိနေပြီး ဒါဟာ ၂၀၁၅ ခုနှစ် အဲဒီ အစီရင်ခံစာ ထုတ်ပြန်ကတည်းက သုံးကြိမ် ဆက်တိုက် ထိပ်ဆုံးမှာ ရှိခဲ့တာပါ။


အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံးနဲ့ ကွန်ပျူတာ ဗိုင်းရပ်စ် တိုက်ခိုက်ခံရမှုတွေအပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး တိုကျိုမြို့က အမှတ်အများဆုံး ရရှိခဲ့ပါတယ်။ ဒါပေမယ့် တိုကျိုမြို့မှာ အကျင့်ပျက်ခြစားမှုနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပြစ်မှုကျူးလွန်တာတွေက ရှိနေဆဲဖြစ်တယ်လို့ သတင်းတွေမှာ မှတ်ချက်ပြုခဲ့ပါတယ်။ စင်ကာပူက ဒုတိယ၊ ဂျပန်က အိုဆာကာမြို့က တတိယ နေရာမှာ ရှိပါတယ်။