တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြမွာရွိတဲ့ ကေလးေတြရဲ႕ ေက်ာင္းပညာေရး နစ္နာမႈေတြရွိေန

0
34

တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြမွာရွိတဲ့ ကေလးသူငယ္ေတြရဲ႕ ေက်ာင္းပညာေရး နစ္နာမႈေတြအတြက္ အစိုးရနဲ႔ ပညာေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ေပးဖို႔လိုအပ္တယ္လို႔ အရပ္ဘက္လူ႔အဖြဲ႔အစည္း ၿငိမ္းခ်မ္းေရး ဖိုရမ္က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက တင္ဆက္ေပးထားပါတယ္။

အခုလက္ရွိမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားရာ ေဒသေတြမွာ ကေလးသူငယ္ေတြက စစ္ေဘးေရွာင္စခန္းေတြမွာ ေနထိုင္ရၿပီး၊ ေက်ာင္းပညာေရးနဲ႔ ေဝးကြာေနရတာ ျဖစ္ပါတယ္။ 

အဲ့ဒါေၾကာင့္ ကေလးသူငယ္ေတြရဲ႕ ေက်ာင္းပညာေရး နစ္နာမႈေတြအတြက္ အစိုးရနဲ႔ ပညာေရးဝန္ႀကီးေတြ ပူးေပါင္းၿပီး လိုအပ္ခ်က္ေတြ လုပ္ေဆာင္ေပးဖို႔ လိုအပ္တယ္လို႔  အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္က ေျပာပါတယ္။

ဇူလိုင္ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Orchid Hotel မွာ (၂၂) ႀကိမ္ေျမာက္ အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္ရဲ႕ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Sound Bite – ဦးေစာေစာထြန္း (အလုပ္အမႈေဆာင္ေကာ္မတီဝင္)

                       အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္

အစိုးရအေနနဲ႔ ပဋိပကၡေတြဖန္တီးတဲ့အရာေတြ ရွာေဖြၿပီး အေရးယူေဆာင္႐ြက္ ေျဖရွင္းႏိုင္တဲ႔ ယႏၱရားတစ္ခုကို လုပ္ေဆာင္ထားေပမယ့္ အခုထက္ပိုၿပီး အေရးယူေဆာင္ရြက္ေပးမွသာ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ ၿငိမ္းခ်မ္းတဲ့ လူမႈပတ္ဝန္းက်င္ကို ရရွိမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

 Sound Bite – ဦးေစာေစာထြန္း (အလုပ္အမႈေဆာင္ေကာ္မတီဝင္)

                       အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္

ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအတြက္ ရည္႐ြယ္ၿပီး ၂၀၁၂ ခုႏွစ္ ၾသဂုတ္လကေန စတင္ကာ အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္ကို က်င္းပခဲ႔တာ ျဖစ္ၿပီး၊ ဇူလိုင္လ ၈ ရက္နဲ႔ ၉ ရက္ေန႔မွာ (၂၂) ႀကိမ္ေျမာက္ အရပ္ဘက္လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးဖိုရမ္ကို က်င္းပခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ ကျောင်းပညာရေး နစ်နာမှုတွေရှိနေ


တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ကျောင်းပညာရေး နစ်နာမှုတွေအတွက် အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။


အခုလက်ရှိမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ကလေးသူငယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရပြီး၊ ကျောင်းပညာရေးနဲ့ ဝေးကွာနေရတာ ဖြစ်ပါတယ်။


အဲ့ဒါကြောင့် ကလေးသူငယ်တွေရဲ့ ကျောင်းပညာရေး နစ်နာမှုတွေအတွက် အစိုးရနဲ့ ပညာရေးဝန်ကြီးတွေ ပူးပေါင်းပြီး လိုအပ်ချက်တွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်က ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ (၂၂) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ရဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။


Sound Bite – ဦးစောစောထွန်း (အလုပ်အမှုဆောင်ကော်မတီဝင်)
အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်


အစိုးရအနေနဲ့ ပဋိပက္ခတွေဖန်တီးတဲ့အရာတွေ ရှာဖွေပြီး အရေးယူဆောင်ရွက် ဖြေရှင်းနိုင်တဲ့ ယန္တရားတစ်ခုကို လုပ်ဆောင်ထားပေမယ့် အခုထက်ပိုပြီး အရေးယူဆောင်ရွက်ပေးမှသာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းတဲ့ လူမှုပတ်ဝန်းကျင်ကို ရရှိမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။


Sound Bite – ဦးစောစောထွန်း (အလုပ်အမှုဆောင်ကော်မတီဝင်)
အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်


မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လကနေ စတင်ကာ အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပြီး၊ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်နေ့မှာ (၂၂) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။