
0
60




တိုက်စစ်မှူး ဆန်းချက်ဇ်ကို အင်တာမီလန်က အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အင်တာမီလန် အသင်းက အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။

အင်တာမီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူပြီးနောက် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိ ဆန်းချက်ဇ်ကို အင်တာမီလန် အသင်း အပါအဝင် ဥရောပ ထိပ်သီးအသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနီးပါး ရရှိနေရာ လုပ်ခလစာက ခေါ်ယူလိုတဲ့အသင်းတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။