တာခ်ီလိတ္မွာ ေရႊဆိုင္ကို ေသနတ္ကိုင္ အမ်ိဳးသားႏွစ္ဦး အႏုၾကမ္းစီး၊ သိန္း ၄၀၀ ေက်ာ္ပါသြား

0
70

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းမေပၚမွာရွိတဲ့  ရွင္းဒါးေရႊဆိုင္ကို ေသနတ္ကိုင္ အမ်ိဳးသား ႏွစ္ဦးက အႏုၾကမ္းဝင္စီးမႈ ျဖစ္ပြားခဲ့ၿပီး က်ပ္ေငြ သိန္း ၄၀၀ ေက်ာ္တန္ဖိုးရွိ ေရႊထည္ပစၥည္းေတြ ပါသြားတယ္လို႔ ခ႐ိုင္ အေထြေထြအုပ္ ခ်ဳပ္ေရးဦးစီးဌာနက ေျပာပါတယ္။

ဇူလိုင္လ ၈ ရက္ေန႔ မနက္ပိုင္းက ရွင္းဒါးေရႊဆိုင္ကို ေသနတ္ကိုင္ေဆာင္ထားတဲ့ အမ်ိဳးသားႏွစ္ဦးက ဆိုင္ကယ္နဲ႔ ေရာက္လာၿပီး အႏုၾကမ္းစီးခဲ့တာ ျဖစ္ပါတယ္။

ေသနတ္ကိုင္ အႏုၾကမ္းစီးသူ ႏွစ္ဦးကို ဓားျပမႈ ပုဒ္မ ၃၉၅ နဲ႔ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ထားၿပီး ဖမ္းဆီး ရမိေရးအတြက္ ပိတ္ဆုိ႔ရွာေဖြမႈေတြ ျပဳလုပ္ေနပါတယ္။

တာချီလိတ်မှာ ရွှေဆိုင်ကို သေနတ်ကိုင် အမျိုးသားနှစ်ဦး အနုကြမ်းစီး၊ သိန်း ၄၀ဝ ကျော်ပါသွား

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ရှင်းဒါးရွှေဆိုင်ကို သေနတ်ကိုင် အမျိုးသား နှစ်ဦးက အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့ပြီး ကျပ်ငွေ သိန်း ၄၀ဝ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက ရှင်းဒါးရွှေဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး အနုကြမ်းစီးခဲ့တာ ဖြစ်ပါတယ်။

သေနတ်ကိုင် အနုကြမ်းစီးသူ နှစ်ဦးကို ဓားပြမှု ပုဒ်မ ၃၉၅ နဲ့ တာချီလိတ်မြို့မ ရဲစခန်းက အမှုဖွင့်ထားပြီး ဖမ်းဆီး ရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။