တရား႐ံုးမွာ တရားဝင္ ကြာရွင္းခြင့္ ေလွ်ာက္ထားလုိက္တဲ့ မုိင္လီဆုိင္းရပ္စ္နဲ႔ လီယမ္ ဟမ္းစ္ဝါ့သ္

0
47

သ႐ုပ္ေဆာင္မင္းသား လီယမ္ ဟမ္းစ္ဝါ့သ္နဲ႔ အဆိုေတာ္ မုိင္လီဆုိင္းရပ္စ္တို႔ဟာ တရား႐ံုးမွာ တရားဝင္ ကြာရွင္းခြင့္ ေလွ်ာက္ထားလုိက္ၿပီ ျဖစ္ပါတယ္။  

သူတုိ႔ႏွစ္ဦး ကြာရွင္းေတာ့မယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္းမွာ တရားဝင္ကြာရွင္းဖုိ႔  အေမရိကန္ တရား႐ံုးမွာ ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ မုိင္လီဆုိင္းရပ္စ္နဲ႔ လီယမ္ ဟမ္းစ္ဝါ့သ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ လက္ထပ္ခဲ့ၿပီး ေနာက္တစ္ႏွစ္အၾကာမွာ ကြာရွင္းခဲ့တာ ျဖစ္ပါတယ္။   

လီယမ္ ဟမ္းစ္ဝါ့သ္အေပၚ လိမ္လည္မႈေတြ ရွိခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြက မွန္ကန္မႈ မရွိဘူးလို႔  မုိင္လီဆုိင္းရပ္စ္က ေျပာပါတယ္။ သူ႔အေနနဲ႔ ဖုန္းကြယ္ထားစရာ ဘာမွမရွိေၾကာင္း၊ ေရြးခ်ယ္ခဲ့တဲ့ အရာေတြနဲ႔ ပတ္သက္လုိ႔ ျဖစ္လာသမွ်ကို လက္ခံေက်နပ္ေၾကာင္း မုိင္းလီဆုိင္းရပ္စ္က ေျပာပါတယ္။

တရားရုံးမှာ တရားဝင် ကွာရှင်းခွင့် လျှောက်ထားလိုက်တဲ့ မိုင်လီဆိုင်းရပ်စ်နဲ့ လီယမ် ဟမ်းစ်ဝါ့သ်


သရုပ်ဆောင်မင်းသား လီယမ် ဟမ်းစ်ဝါ့သ်နဲ့ အဆိုတော် မိုင်လီဆိုင်းရပ်စ်တို့ဟာ တရားရုံးမှာ တရားဝင် ကွာရှင်းခွင့် လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။
သူတို့နှစ်ဦး ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ တရားဝင်ကွာရှင်းဖို့ အမေရိကန် တရားရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မိုင်လီဆိုင်းရပ်စ်နဲ့ လီယမ် ဟမ်းစ်ဝါ့သ်တို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။


လီယမ် ဟမ်းစ်ဝါ့သ်အပေါ် လိမ်လည်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှု မရှိဘူးလို့ မိုင်လီဆိုင်းရပ်စ်က ပြောပါတယ်။ သူ့အနေနဲ့ ဖုန်းကွယ်ထားစရာ ဘာမှမရှိကြောင်း၊ ရွေးချယ်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်လို့ ဖြစ်လာသမျှကို လက်ခံကျေနပ်ကြောင်း မိုင်းလီဆိုင်းရပ်စ်က ပြောပါတယ်။