
0
230



…………………. ။ ။ …………………

တရားဝင် သစ် အဓိပ္ပာယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

တရားဝင် သစ် အဓိပ္ပာယ် ဖွင့်ဆိုမှု မူကြမ်း ရေးဆွဲရေး အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံရဲ့ တရားဝင်သစ် အဓိပ္ပာယ် ဖွင့်ဆိုမှုဆိုင်ရာ လုပ်ငန်းခွင် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို လိုက်ဘေးရီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က တရားဝင်သစ် အဓိပ္ပာယ် ဖွင့်ဆိုရေး အတွေ့အကြုံ ဗဟုသုတ ရဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ ကော်မရှင်ရုံး၊ ဗြိတိန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ဌာန၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌတို့ တက်ရောက်ပါတယ်။

မြန်မာနိုင်ငံမှာ သစ်တွေကို ကုန်တင်ကား၊ အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ အမျိုးမျိုး သယ်ယူပို့ဆောင်နေကြပြီး တရားမဝင် သစ်တွေ ဖမ်းဆီးရမိမှု မကြာခဏ ဖြစ်ပေါ်နေပါတယ်။