တရားမ၀င္ ေလာင္းကစား လုပ္ခဲ့တယ္လို႔ ၀န္ခံလိုက္တဲ့ ဆြန္ရီ

0
52

ေတာင္ကိုရီးယား အဆိုေတာ္ ဆြန္ရီဟာ တရားမ၀င္ ေလာင္းကစားမႈေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတာကို ၀န္ခံလိုက္ပါတယ္။ 

ေလာင္းကစားမႈနဲ႔ ပတ္သက္ၿပီး ေတာင္ကိုရီးယား အဆိုေတာ္အဖြဲ႔ Big Bang အဖြဲ႔၀င္ေဟာင္း ဆြန္ရီကို ရဲတပ္ဖြဲ႔က ၁၀ နာရီၾကာ စံုစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ ဆြန္ရီဟာ တရားမ၀င္ ေလာင္းကစားမႈ အတြက္ ဝန္ခံေပမယ့္ ႏိုင္ငံျခားေငြေၾကး တရားမ၀င္ လဲလွယ္ေရာင္း၀ယ္ခဲ့တယ္ ဆိုတဲ့အခ်က္ကို ျငင္းဆိုထားပါတယ္။ 

ရဲတပ္ဖြဲ႔က ေခၚယူေမးျမန္းတာကို ခံခဲ့ရေၾကာင္း၊ ေမးျမန္းမႈအတြက္ စြပ္စြဲခ်က္တစ္ခ်ိဳ႕ကို ၀န္ခံခဲ့ေၾကာင္း ဆြန္ရီက ေျပာပါတယ္။ ဆြန္ရီဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တရားမ၀င္ ေလာင္းကစားမႈနဲ႔ ႏိုင္ငံျခားေငြေၾကး လဲလွယ္မႈေတြ လုပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား ရဲတပ္ဖြဲ႔က ေျပာပါတယ္။

တရားမဝင် လောင်းကစား လုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဆွန်ရီ

တောင်ကိုရီးယား အဆိုတော် ဆွန်ရီဟာ တရားမဝင် လောင်းကစားမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်။

လောင်းကစားမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အဆိုတော်အဖွဲ့ Big Bang အဖွဲ့ဝင်ဟောင်း ဆွန်ရီကို ရဲတပ်ဖွဲ့က ၁၀ နာရီကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဆွန်ရီဟာ တရားမဝင် လောင်းကစားမှု အတွက် ဝန်ခံပေမယ့် နိုင်ငံခြားငွေကြေး တရားမဝင် လဲလှယ်ရောင်းဝယ်ခဲ့တယ် ဆိုတဲ့အချက်ကို ငြင်းဆိုထားပါတယ်။

ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းတာကို ခံခဲ့ရကြောင်း၊ မေးမြန်းမှုအတွက် စွပ်စွဲချက်တစ်ချို့ကို ဝန်ခံခဲ့ကြောင်း ဆွန်ရီက ပြောပါတယ်။ ဆွန်ရီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရားမဝင် လောင်းကစားမှုနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်မှုတွေ လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။