
0
49




တရားမဝင်ဘင်္ဂါလီတွေ မဝင်ရောက်နိုင်ဖို့ အတွက် စီမံချက် ရေးဆွဲဆောင်ရွက် နေတယ်လို့ဝန်ကြီးပြော

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင် ဘင်္ဂါလီတွေ မဝင်ရောက်နိုင်ဖို့ အတွက် စီမံချက်ရေးဆွဲ ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဇီးကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားစဉ်မှာ ဝန်ကြီးဦးထွန်းထွန်းဦးက အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း တစ်လျှောက် ပြည်နယ်၊ တိုင်းဒေသကြီးအချင်းချင်း သတင်းကွန်ယက်ချိတ်ဆက်ပြီး ဆောင်ရွက်နေကြောင်း ဒကစ(ပြည်)အစီအစဉ် နဲ့ Mobile Team အဖွဲ့ နဲ့ ဆောင်ရွက်နေကြာင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေ နဲ့ ရှောင်တခင်ပူးပေါင်းစစ်ဆေးမှု တွေကို စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။