
0
77




တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၉၁ ဦးကို ပြန်လည်ပို့ ဆောင်ခဲ့

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အထောက်အထား မခိုင်လုံခြင်းတို့ကြောင့် မြန်မာရွှေပြောင်းလုပ်သား စုစုပေါင်း ၉၁ ဦးကို ရနောင်းမြို့ကနေ ကော့သောင်းနယ်စပ်ဂိတ် ကို ပြန်လည်ပို့ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်လုပ်ကိုင်ခွင့်ပါမစ် မရှိတာ ၊ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်း ကုန်တာတွေ နဲ့ တရားမဝင် အလုပ်လုပ်ကိုင်မှုတွေကြောင့် အဖမ်းခံခဲ့ရသူတွေဖြစ်ကြောင်း ထိုင်းလူဝင်မှု ကီးကြပ် ရေးဌာနက ပြောပါတယ် ။

လက်ရှိမှာ ထိုင်းအစိုးရ တရားဝင်စာရင်းတွေအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ငါးသန်းခန့်မှာ လူငယ်တွေ သုံးသန်းခန့်ရှိပြီး ငါးနဲ့ ရွှေထွက်ပစ္စည်းလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။