
0
94




တရားမဝင် ခရီးသွားမှုနဲ့ ဖမ်းထားတဲ့ ဘင်္ဂါလီတွေကို လွှတ်ပေးဖို့ HRW တောင်းဆို


ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ခရီးသွားဖို့ ကြိုးစားလို့ ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ အယောက် ၃၀ ကို အမြန်ဆုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။


နိုင်ငံသားကတ် မရှိတဲ့ ဘင်္ဂါလီတွေအပေါ် ခရီးသွားလာမှု ကန့်သတ်ထားတာကို ရုတ်သိမ်းပေးဖို့၊ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့လည်း HRW ရဲ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဘင်္ဂါလီ အယောက် ၃၀ ကို စက်တင်ဘာလ ၂၆ ရက်နေ့က တရားမဝင် ခရီးသွားလာမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲက ၂၁ ဦးကို ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ ကလေး ရှစ်ဦးကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းကို ပို့ထားပြီး ငါးနှစ်အရွယ် ကလေးတစ်ဦးကတော့ ပုသိမ်ထောင်ကို မိခင်နဲ့အတူ ပါသွားပါတယ်။