
0
40





တရားခံပြေးတွေကို ရဲတပ်ဖွဲ့ဖမ်းဆီးမှု သမ္မတရုံး စောင့်ကြည့်နေ

လူမှုကွန်ယက် စာမျက်နှာပေါ်မှာဝေဖန်နေကြတဲ့ တရားခံပြေးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုကို စောင့်ကြည့်နေ တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်နေ့က သမ္မတအိမ်တော်မှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။


“တရားခံပြေးတွေနဲ့ပတ်သက်လိုရဲတပ်ဖွဲ့မှာ တာဝန်ရှိတာဖြစ်လို့ မေးမြန်းမှုတွေလုပ်ပြုလုပ်နေကြောင်း တရားခံပြေးတွေကို ဖမ်းပေးဖို့အတွက် ရဲတပ်ဖွဲ့ကိုတော့ယုံကြည်ကြောင်း” သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါအ့ပြင် ထိထိရောက် ရောက်လုပ် ဆောင်ဖို့လိုကြောင်း နဲ့ မိသင့်မိထိုက်တဲ့သူတွေကိုမိအောင် လုပ်ဖို့လို တယ်လို့ အမြဲတမ်းလည်း ပြောဆိုနေပြီး ရဲတပ်ဖွဲ့အနေနဲ့လည်း အာမခံချက်ပေးထားတာ ဖြစ်လို ့ဖမ်းမဖမ်း ဆိုတာကို စောင့်ကြည့်ဖို့ပဲရှိပါတော့ကြောင်း ဦးဇော်ဌေးက အခုလို ပြောဆိုခဲ့တာပါ။


လူမှုကွန်ယက် စာမျက်နှာပေါ်မှာဝေဖန်နေကြတဲ့ တရားခံပြေးတွေမှာ ဦးဝီရသူ ၊ ဒေါ်နန္ဒမာလာ၊ ဘုလက်ဦးလှဆွေ၊ အောင်ဝင်းခိုင် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။