တပ္မေတာ္ စစ္ေဆးေရး ခုံ႐ံုးဖြဲ႔တာကို လူ႔အခြင့္အေရး အဖြဲ႔ေတြ ေဝဖန္

0
361

ရခုိင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ ARSA အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားေတြရဲ႕ အၾကမ္းဖက္တုိက္ခုိက္မႈ ျဖစ္စဥ္ေတြကို စုံစမ္းစစ္ေဆးဖို႔ တပ္မေတာ္ စစ္ေဆးေရး ခုံ႐ံုး ဖြဲ႔စည္းတဲ့အေပၚ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေဝဖန္ေနၾကပါတယ္။

အခုလို ခံု႐ံုးဖြဲ႔တာဟာ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြကို အခ်ိန္ဆြဲဖို႔လုပ္တဲ့ ကစားပြဲအတုျဖစ္တယ္လို႔ နယူးေယာက္ အေျခစိုက္ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) ရဲ႕ အာရွဆိုင္ရာ ဒါ႐ိုက္တာ ဖီးလ္ ေရာဘတ္ဆန္က ေျပာပါတယ္။

အေရွ႕ေတာင္အာရွ အေျခစိုက္ Fortify Rights အဖြဲ႔႐ံုးရဲ႕ အမႈေဆာင္ခ်ဳပ္ မက္သယူး စမစ္ကလည္း ခံု႐ံုးသစ္ဖြဲ႔တာ တရားဥပေဒ စိုးမိုးေရးကို ဟန္ေဆာင္တာ ျဖစ္ၿပီး ႏိုင္ငံတကာ တရားမွ်တေရး ခုခံကာကြယ္တာ ျဖစ္တယ္လို႔ သူ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စုံစမ္းစစ္ေဆးေရးခုံ႐ံုး အဖြဲ႔ကုိ ဖြဲ႔စည္းကာ ဗုိလ္ခ်ဳပ္ ျမတ္ေက်ာ္က ဥကၠ႒၊ ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္ႏိုင္နဲ႔ ဗုိလ္မွဴးႀကီး သန္းႏိုင္တုိ႔က အဖြဲ႔ဝင္အျဖစ္ တာဝန္ယူမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော် စစ်ဆေးရေး ခုံရုံးဖွဲ့တာကို လူ့အခွင့်အရေး အဖွဲ့တွေ ဝေဖန်

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော် စစ်ဆေးရေး ခုံရုံး ဖွဲ့စည်းတဲ့အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။

အခုလို ခုံရုံးဖွဲ့တာဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အချိန်ဆွဲဖို့လုပ်တဲ့ ကစားပွဲအတုဖြစ်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။

အရှေ့တောင်အာရှ အခြေစိုက် Fortify Rights အဖွဲ့ရုံးရဲ့ အမှုဆောင်ချုပ် မက်သယူး စမစ်ကလည်း ခုံရုံးသစ်ဖွဲ့တာ တရားဥပဒေ စိုးမိုးရေးကို ဟန်ဆောင်တာ ဖြစ်ပြီး နိုင်ငံတကာ တရားမျှတရေး ခုခံကာကွယ်တာ ဖြစ်တယ်လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ကို ဖွဲ့စည်းကာ ဗိုလ်ချုပ် မြတ်ကျော်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး ကျော်ကျော်နိုင်နဲ့ ဗိုလ်မှူးကြီး သန်းနိုင်တို့က အဖွဲ့ဝင်အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။