
0
105




တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက်လှူဒါန်း


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ဒီကနေ့ မနက်က သွားရောက်လှူဒါန်းခဲ့ပါတယ်။


ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ နဲ့ ဇီဝိတဒါနအသင်းကို သွားရောက်လှူဒါန်း ခဲ့တာဖြစ်ပါတယ်။


ဒီမတိုင်ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နေပြည်တော်မှာ ရှိတဲ့ မွတ်စလင် ဘာသာရေးဝတ်ပြု ကျောင်းတွေကိုလည်း သွားရောက်လှူဒါန်းမှုတွေ ရှိခဲ့တာပါ။