
0
121




တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေ


တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။


သြဂုတ်လ ၂၀ ရက်နေ့က ကျောက်မဲမြို့နဲ့ မိုင် ၂၀ ကွာဝေးတဲ့နေရာမှာ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA နဲ့ တိုက်ပွဲ ဖြစ်ပွားပြီး ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ် ကြားမှားလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။


ကျောက်မဲမြို့မှာ တအာင်း TNLA ရဲ့ ပစ်ကျင်း ၂၂ ကျင်းပါတဲ့ ယာယီစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိထားပြီး လက်နက်တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။