
0
54

ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်လာတဲ့ နော်ဝှခ်ျအသင်းဟာ  လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အနိုင်ယူပြီး ပရီးမီယားလိဂ် သမိုင်းမှာ အံအားသင့်စရာ ကောင်းအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့  ဗြိတိန် အခြေစိုက် The Sun သတင်းဌာနကဖော်ပြပါတယ်။ 

နော်ဝှခ်ျ အသင်းဟာ ထင်မှတ်မထားတဲ့အရာတွေကို လုပ်ဆောင်ပြနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းခဲ့ တယ်လို့ The Sun သတင်းဌာနကချီးကျူးရေးသားထားပါတယ်။ 

နော်ဝှခ်ျ အသင်းဟာ ယမန်နေ့ ညပိုင်း ကစားတဲ့ ပရီးမီယားလိဂ် ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို  ၃ ဂိုး ၂ ဂိုး နဲ့အနိုင်ရယူနိုင်ခဲ့ပြီး နော်ဝှခ်ျအတွက် ကန်နီ မက်လိန်း ၊ ကန့်ဝဲလ်၊ နဲ့ တီမူးပက်ကီတို့က ဂိုးတွေ သွင်းယူပေးခဲ့သလို မန်စီးတီးအတွက် အဂူရို နဲ့ ရိုဒရီတို့က  ဂိုးတွေသွင်းပေးခဲ့ပါတယ်။ 

နော်ဝှခ်ျကို ရှုံးနိမ်မှုက မန်စီးတီးအသင်းအတွက်  ပရီးမီယားလိဂ် ပြိုင်ပွဲမှာ ၉ လအတွင်းပထမဆုံး ရှုံးပွဲကို ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နော်ဝှခ်ျကို ရှုံးနိမ့်မှုကြောင့် ပရီးမိယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးရှိ လီဗာပူးအသင်း နဲ့ ငါးမှတ် ကွာသွားခဲ့ပြီဖြစ်ပါတယ်။

တန်းတက်နော်ဝှစ် ပရီးမီယားလိဂ် သမိုင်းမှာ အံအားသင့်စရာ ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့


ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်လာတဲ့ နော်ဝှချ်အသင်းဟာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အနိုင်ယူပြီး ပရီးမီယားလိဂ် သမိုင်းမှာ အံအားသင့်စရာ ကောင်းအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် The Sun သတင်းဌာနကဖော်ပြပါတယ်။


နော်ဝှချ် အသင်းဟာ ထင်မှတ်မထားတဲ့အရာတွေကို လုပ်ဆောင်ပြနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းခဲ့ တယ်လို့ The Sun သတင်းဌာနကချီးကျူးရေးသားထားပါတယ်။


နော်ဝှချ် အသင်းဟာ ယမန်နေ့ ညပိုင်း ကစားတဲ့ ပရီးမီယားလိဂ် ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၃ ဂိုး ၂ ဂိုး နဲ့အနိုင်ရယူနိုင်ခဲ့ပြီး နော်ဝှချ်အတွက် ကန်နီ မက်လိန်း ၊ ကန့်ဝဲလ်၊ နဲ့ တီမူးပက်ကီတို့က ဂိုးတွေ သွင်းယူပေးခဲ့သလို မန်စီးတီးအတွက် အဂူရို နဲ့ ရိုဒရီတို့က ဂိုးတွေသွင်းပေးခဲ့ပါတယ်။


နော်ဝှချ်ကို ရှုံးနိမ်မှုက မန်စီးတီးအသင်းအတွက် ပရီးမီယားလိဂ် ပြိုင်ပွဲမှာ ၉ လအတွင်းပထမဆုံး ရှုံးပွဲကို ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နော်ဝှချ်ကို ရှုံးနိမ့်မှုကြောင့် ပရီးမိယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးရှိ လီဗာပူးအသင်း နဲ့ ငါးမှတ် ကွာသွားခဲ့ပြီဖြစ်ပါတယ်။