
0
65




တနင်္သာရီမြို့မှာ မြစ်ရေကြီးမှုကြောင့် လူ နှစ်သောင်းကျော် ရေဘေးသင့်နေ


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မှာ မြစ်ရေကြီးမှုကြောင့် လူ ၂၃၀ဝ၀ ကျာ် ရေဘေးသင့်နေပြီး လူခုနစ်ထောင်ခန့်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပါတယ်။


မြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့ရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၂၃၁၉၀ ဦး ရေဘေးသင့်နေပြီး ရေကြီးနေတဲ့ ကျေးရွာနဲ့ ရပ်ကွက် ၆၆ ခုရှိကာ အနိမ့်ပိုင်းရှိ ရွာ ငါးရွာခန့်မှာ ရေလုံးဝနစ်မြုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးရဲမြင့်ဆွေက ပြောပါတယ်။


ဩဂုတ် ၁၃ ရက်နေ့အထိ တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ် ၂၄ ပေကို ကျော်ပြီး ၂၅ ပေ ၁၁ လက်မအထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။