
0
65




တတိယရေကြီးကာလဖြစ်လို့ သတိထားရမယ်လို့ ဒေါက်တာထွန်းလွင် သတိပေး


အခုကာလဟာ တတိယ ရေကြီးကာလဖြစ်တာကြောင့် သတိထားရမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောဆို လိုက်ပါတယ်။


တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ မိုးကြီးနေပြီး ရေဘေးသတိပေးထားစဉ်မှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဒီကနေ့ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်ကပြောပါတယ်။


ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ လေအားကောင်းရာကနေ အားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း နဲ့ အနောက်အလယ်ပိုင်းမှာ နောက်၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။