တစ္ေန႔ ကို ေမြးကင္းစကေလးငယ္ ၇၀၀၀ ေသဆံုုးေန

0
56

တစ္ေန႔ကို ေမြးကင္းစကေလး ၇၀၀၀ ခန႔္ဟာ အသက္တစ္လမျပည့္ခင္အခ်ိန္မွာ ေသဆုံးေနၾကတယ္လို႔ ကုလသမဂၢ ေအဂ်င္စီေတြက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ေမြးကင္းစကေလး အသက္ရွင္မႈႏႈန္းဟာ ၂၀၀၀ ခုႏွစ္ကေနစၿပီး တိုးတက္လာေနေပမယ့္ ၂၀၁၈ခုႏွစ္မွာ ေမြးကင္းစကေလး၂.၅ သန္းခန႔္ ေသဆုံးေနဆဲျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕နဲ႔ ယူနီဆက္ဖ္က ေျပာပါတယ္။ ဆာဟာရသဲကႏၲာရေတာင္ပိုင္းမွာရွိတဲ့ အာဖရိကနိုင္ငံေတြမွာ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ကေလးေမြးဖြားစဥ္အတြင္း ၃၇ ေယာက္မွာ တစ္ေယာက္ႏႈန္းဟာ အသက္ဆုံးရႈံးရနိုင္တဲ့အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ အစီအရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္ပြဲေတြနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းေတြရွိေနတဲ့ ဆီးရီးယားနဲ႔ ဗင္နီဇြဲလားနိုင္ငံတို႔လို နိုင္ငံေတြမွာ အမ်ိဳးသမီးေတြဟာ ကေလးေမြးဖြားစဥ္နဲ႔ သူတို႔ရဲ့ ကေလးေတြဟာ အေရးေပၚအသက္ကယ္ေရးေစာင့္ေရွာက္မႈေတြ မရွိတဲ့အတြက္ အႏၲရာယ္နဲ႔ ေတြ႕ၾကဳံရမႈေတြ မ်ားလာေနတယ္လို႔ ဆိုပါတယ္။

တစ်နေ့ ကို မွေးကင်းစကလေးငယ် ၇၀ဝ၀ သေဆုံးနေ

တစ်နေ့ကို မွေးကင်းစကလေး ၇၀ဝ၀ ခန့်ဟာ အသက်တစ်လမပြည့်ခင်အချိန်မှာ သေဆုံးနေကြတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွေးကင်းစကလေး အသက်ရှင်မှုနှုန်းဟာ ၂၀ဝ၀ ခုနှစ်ကနေစပြီး တိုးတက်လာနေပေမယ့် ၂၀၁၈ခုနှစ်မှာ မွေးကင်းစကလေး၂.၅ သန်းခန့် သေဆုံးနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ယူနီဆက်ဖ်က ပြောပါတယ်။ ဆာဟာရသဲကန္တာရတောင်ပိုင်းမှာရှိတဲ့ အာဖရိကနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားစဉ်အတွင်း ၃၇ ယောက်မှာ တစ်ယောက်နှုန်းဟာ အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေရှိနေတဲ့ ဆီးရီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့လို နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ ကလေးမွေးဖွားစဉ်နဲ့ သူတို့ရဲ့ ကလေးတွေဟာ အရေးပေါ်အသက်ကယ်ရေးစောင့်ရှောက်မှုတွေ မရှိတဲ့အတွက် အန္တရာယ်နဲ့ တွေ့ကြုံရမှုတွေ များလာနေတယ်လို့ ဆိုပါတယ်။