တခ်ိဳ႕ NGO ေတြက ျမန္မာနဲ႔ ပူးေပါင္းေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီး စြပ္စြဲ

0
60

အတိုက္အခံ ဘဂၤလားေဒ့ရွ္ ေနရွင္နယ္လစ္ ပါတီ (BNP) က ဘဂၤါလီ ဒုကၡသည္ကိစၥကို အစိုးရဆန္႔က်င္ေရးမွာ ႏိုင္ငံေရးအျဖစ္ အသံုးခ်ေနစဥ္ တခ်ိဳ႕ NGO ေတြက ျမန္မာနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ဘဂၤလားေဒ့ရွ္ လမ္းပန္းဆက္သြယ္ေရးႏွင့္ တံတားမ်ားဆိုင္ရာ ဝန္ႀကီး အိုဘိုင္ဒူလ္ ကြာဒါက စြပ္စြဲေျပာဆိုလိုက္ပါတယ္။

တခ်ိဳ႕ NGO ေတြဟာ ျမန္မာနဲ႔ ပူးေပါင္းေနေၾကာင္း၊ အဲဒီ NGO ေတြထဲမွာ ပါကစၥတန္ကို ေထာက္ခံတဲ့ NGO ပါဝင္ေၾကာင္း၊ ပါကစၥတန္ေတြဟာ ဘဂၤလားေဒ့ရွ္ရဲ႕ ပထမဆံုး သမၼတ ဘန္ဂါဘန္ဒူကို လုပ္ႀကံသူေတြအတြက္ ခိုလံႈခြင့္ေပးထားေၾကာင္းနဲ႔ သူတို႔ဟာ ဘဂၤလားေဒ့ရွ္က လုပ္ေဆာင္ေနတဲ့ အဆင့္တိုင္းမွာ အေႏွာက္အယွက္ ေပးေနေၾကာင္း ဝန္ႀကီး ကြာဒါက ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကေန ဒုကၡသည္ေတြ ေနရပ္ျပန္ေရး သံတမန္ေရးအရ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္စြမ္းမရွိဘူးလို႔ အတိုက္အခံ BNP က ေဝဖန္ခဲ့တာကို တံု႔ျပန္တာ ျဖစ္ပါတယ္။

မေန႔ ၾသဂုတ္လ ၂၈ ရက္က ဒါကာၿမိဳ႕ရွိ ဘန္ဂါဘန္ဒူ ရွိတ္ခ္ မူဂ်စ္ ေဆးပညာ တကၠသိုလ္ (BSMMU) မွာ က်င္းပတဲ့ သမၼတေဟာင္း ဘန္ဂါဘန္ဒူ လုပ္ႀကံခံရမႈ ၄၄ ႏွစ္ေျမာက္ေန႔ အခမ္းအနားမွာ ဝန္ႀကီး ကြာဒါက ေျပာခဲ့တာပါ။ အဝါမီ အဖြဲ႔ခ်ဳပ္ အတြင္းေရးမွဴးလည္း ျဖစ္တဲ့ ကြာဒါက ပါကစၥတန္ဟာ ဘန္ဂါဘန္ဒူကို လုပ္ႀကံခဲ့သူႏွစ္ဦးကိုလည္း လႊဲေျပာင္းမေပးခဲ့ဘူးလို႔ ေျပာပါတယ္။   

တချို့ NGO တွေက မြန်မာနဲ့ ပူးပေါင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီး စွပ်စွဲ


အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီ (BNP) က ဘင်္ဂါလီ ဒုက္ခသည်ကိစ္စကို အစိုးရဆန့်ကျင်ရေးမှာ နိုင်ငံရေးအဖြစ် အသုံးချနေစဉ် တချို့ NGO တွေက မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများဆိုင်ရာ ဝန်ကြီး အိုဘိုင်ဒူလ် ကွာဒါက စွပ်စွဲပြောဆိုလိုက်ပါတယ်။


တချို့ NGO တွေဟာ မြန်မာနဲ့ ပူးပေါင်းနေကြောင်း၊ အဲဒီ NGO တွေထဲမှာ ပါကစ္စတန်ကို ထောက်ခံတဲ့ NGO ပါဝင်ကြောင်း၊ ပါကစ္စတန်တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး သမ္မတ ဘန်ဂါဘန်ဒူကို လုပ်ကြံသူတွေအတွက် ခိုလှုံခွင့်ပေးထားကြောင်းနဲ့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်နေတဲ့ အဆင့်တိုင်းမှာ အနှောက်အယှက် ပေးနေကြောင်း ဝန်ကြီး ကွာဒါက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သံတမန်ရေးအရ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ အတိုက်အခံ BNP က ဝေဖန်ခဲ့တာကို တုံ့ပြန်တာ ဖြစ်ပါတယ်။


မနေ့ သြဂုတ်လ ၂၈ ရက်က ဒါကာမြို့ရှိ ဘန်ဂါဘန်ဒူ ရှိတ်ခ် မူဂျစ် ဆေးပညာ တက္ကသိုလ် (BSMMU) မှာ ကျင်းပတဲ့ သမ္မတဟောင်း ဘန်ဂါဘန်ဒူ လုပ်ကြံခံရမှု ၄၄ နှစ်မြောက်နေ့ အခမ်းအနားမှာ ဝန်ကြီး ကွာဒါက ပြောခဲ့တာပါ။ အဝါမီ အဖွဲ့ချုပ် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ကွာဒါက ပါကစ္စတန်ဟာ ဘန်ဂါဘန်ဒူကို လုပ်ကြံခဲ့သူနှစ်ဦးကိုလည်း လွှဲပြောင်းမပေးခဲ့ဘူးလို့ ပြောပါတယ်။