
0
37











တက္ကသိုလ် ကျောင်းသားဟောင်းတွေအတွက် ဘောလုံးအဖွဲ့ချုပ်ကနေ နည်းပြသင်တန်းပို့ချ


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တက္ကသိုလ်ဘောလုံးသမားဟောင်းတွေကို ပထမဆုံးအကြိမ် နည်းပြသင်တန်းပို့ချပေးနေပါတယ်။ ဒီသတင်းကို MCNသတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။


တက္ကသိုလ်ကျောင်းသားဟောင်းတွေအတွက် ဘောလုံးနည်းပြသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်းနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားဟောင်းတွေအတွက် ဘောလုံးအဖွဲ့ချုပ်ကနေ နည်းပြသင်တန်းပို့ချတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တက္ကသိုလ်က ဘောလုံးနည်းပြတွေအနေနဲ့လည်း နည်းပြလိုင်စင် ( C) လက်မှတ်ရရှိမှာလည်း ဖြစ်ပါတယ်။


ဦးလင်းထင်ရှိဏ်(U20 နည်းပြ) တက္ကသိုလ်ဘောလုံးအသင်း


ဒီသင်တန်းကို စက်တင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်အထိ ဘောလုံးနည်းပြသင်တန်းသား ၃၂ ယောက်ကို သင်ကြားပေးသွားမှာပါ။
သင်တန်းကာလ နည်းပါးတဲ့အတွက် နည်းပြတစ်ယောက် လိုအပ်တဲ့အကြောင်းအရာ အားလုံးကို သင်ပြမပေးနိုင်ပေမယ့် နည်းပြတစ်ယောက်ရဲ့ဘဝအစမှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ အသိပညာတွေကို မျှဝေသွားမှာဖြစ်တယ်လို့ ပြောပါတယ်။


ကိုရဲဝင့်သူ(MA COACHES EDUCATOR)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊နည်းပညာဌာန


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း နည်းပြတွေကို ပညာပေးမြှင့်တင်ပေးဖို့ အစီအစဉ်ဆွဲထားတာကြောင့် မြန်မာနိုင်ငံအနှံ့က မြို့ ၃၀ မှာလည်း သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်ရှင်