ဌာေနတိုင္းရင္းသားေတြရဲ႕ ေျမယာနဲ႔ ဓေလ့ထံုးတမ္းေတြကို အကာကြယ္ေပးသင့္

0
35

ဌာေနတိုင္းရင္းသားေတြရဲ႕ ေျမယာနဲ႔အရင္းအျမစ္ေတြ၊ ဓေလ့ထံုးတမ္းေတြကို အသိအမွတ္ျပဳေလးစားလိုက္နာ အကာအကြယ္ေပးသင့္တယ္လို႔ KEAN က ေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

လက္ရွိျပဌာန္းထားတဲ့ ေျမယာဥပေဒေတြဟာ ဌာေနတိုင္းရင္းသားေတြရဲ႕ မိ႐ိုးဖလာေျမယာအေလ့အထေတြနဲ႔ သဟဇာတမျဖစ္သလို၊ တိုင္းရင္းသားေတြရဲ႕ ေျမယာဓေလ့ထံုးတမ္းကို ႏုိင္ငံေတာ္ရဲ႕မူ၀ါဒမွာ အသိအမွတ္ျပဳတယ္လို႔ဆိုေပမယ့္ ေျမျပင္အေျခအေနမွာေတာ့ အေကာင္အထည္ေဖာ္မႈမရွိေသးဘူးလို႔ ကယားျပည္နယ္ လူ႕အခြင့္အေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အခြင့္အေရး လႈပ္ရွားေဆာင္ရြက္မႈကြန္ယက္ KEAN က  ေျပာပါတယ္။

ၾသဂုတ္လ၊ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္ရွိ House of Orchid Hotel မွာ ဖက္ဒရယ္ေျမအုပ္ခ်ဳပ္စီမံမႈဆီသို႔ အလွမ္းေ၀းေနေသးတဲ့ ႏုိင္ငံရဲ႕ ေျမယာက႑ျပဳျပင္ေျပာင္းလဲမႈ သတင္းစာရွင္းလင္းပြဲမွာ  KEAN က ေျပာဆိုခဲ့တာပါ။

SoundBite: ေစာအယ္ေစး (ညႇိႏိႈင္းေရးမွဴး) 

ကယားျပည္နယ္ လူ႕အခြင့္အေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အခြင့္အေရး လႈပ္ရွားေဆာင္ရြက္မႈကြန္ယက္ KEAN

တိုင္းရင္းသားေျမယာဓေလ့အရ မိ႐ိုးဖလာေျမယာေပၚမွာ လြတ္လပ္စြာလုပ္ကိုင္ခြင့္ရေပမယ့္လည္း ႏုိင္ငံေတာ္က ျပဌာန္းထားတဲ့ ေျမယာဥပေဒအရ ေျမယာလုပ္ကိုင္ခြင့္ျပန္လည္ေလွ်ာက္ထားဖို႔အတြက္ ေငြေၾကးေတြေပးေနရတဲ့အတြက္ အခက္အခဲေတြ ရွိေနတယ္လို႔ ေဒသခံတိုင္းရင္းသားတစ္ဦးက ေျပာပါတယ္။

SoundBite: ခူးဖေရးရယ္ (ကယားေဒသခံေတာင္သူ)

ကရင္နီျပည္နယ္ရွိ ဌာေနတိုင္းရင္းသားေတြအတြက္ ျပည္ေထာင္စုေျမယာဥပေဒ သစ္တစ္ရပ္မေပၚထြန္းခင္အထိ ဌာနေနတိုင္းရင္းသားေတြရဲ႕ ေျမယာနဲ႔ အရင္းအျမစ္ကို ထိခိုက္ေစမယ့္ ဥပေဒျပဌာန္းတာေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈသေဘာတူညီခ်က္ေတြမျပဳလုပ္ဖို႔ နဲ႔ ေျမယာလုပ္ပိုင္ခြင့္ေတြ ခ်ထားတာေတြ မျပဳလုပ္ဖို႔  KEAN က ေတာင္းဆိုခဲ့ပါတယ္ခင္ဗ်ား။

ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာနဲ့အရင်းအမြစ်တွေ၊ ဓလေ့ထုံးတမ်းတွေကို အသိအမှတ်ပြုလေးစားလိုက်နာ အကာအကွယ်ပေးသင့်တယ်လို့ KEAN က ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

လက်ရှိပြဌာန်းထားတဲ့ မြေယာဥပဒေတွေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ မိရိုးဖလာမြေယာအလေ့အထတွေနဲ့ သဟဇာတမဖြစ်သလို၊ တိုင်းရင်းသားတွေရဲ့ မြေယာဓလေ့ထုံးတမ်းကို နိုင်ငံတော်ရဲ့မူဝါဒမှာ အသိအမှတ်ပြုတယ်လို့ဆိုပေမယ့် မြေပြင်အခြေအနေမှာတော့ အကောင်အထည်ဖော်မှုမရှိသေးဘူးလို့ ကယားပြည်နယ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ယက် KEAN က ပြောပါတယ်။

သြဂုတ်လ၊ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်ရှိ House of Orchid Hotel မှာ ဖက်ဒရယ်မြေအုပ်ချုပ်စီမံမှုဆီသို့ အလှမ်းဝေးနေသေးတဲ့ နိုင်ငံရဲ့ မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှု သတင်းစာရှင်းလင်းပွဲမှာ KEAN က ပြောဆိုခဲ့တာပါ။

SoundBite: စောအယ်စေး (ညှိနှိုင်းရေးမှူး)
ကယားပြည်နယ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ယက် KEAN

တိုင်းရင်းသားမြေယာဓလေ့အရ မိရိုးဖလာမြေယာပေါ်မှာ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရပေမယ့်လည်း နိုင်ငံတော်က ပြဌာန်းထားတဲ့ မြေယာဥပဒေအရ မြေယာလုပ်ကိုင်ခွင့်ပြန်လည်လျှောက်ထားဖို့အတွက် ငွေကြေးတွေပေးနေရတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

SoundBite: ခူးဖရေးရယ် (ကယားဒေသခံတောင်သူ)

ကရင်နီပြည်နယ်ရှိ ဌာနေတိုင်းရင်းသားတွေအတွက် ပြည်ထောင်စုမြေယာဥပဒေ သစ်တစ်ရပ်မပေါ်ထွန်းခင်အထိ ဌာနနေတိုင်းရင်းသားတွေရဲ့ မြေယာနဲ့ အရင်းအမြစ်ကို ထိခိုက်စေမယ့် ဥပဒေပြဌာန်းတာတွေ၊ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေမပြုလုပ်ဖို့ နဲ့ မြေယာလုပ်ပိုင်ခွင့်တွေ ချထားတာတွေ မပြုလုပ်ဖို့ KEAN က တောင်းဆိုခဲ့ပါတယ်ခင်ဗျား။