ဆႏၵျပသူေတြရဲ႕ ေတာင္းဆုိခ်က္ကို အျပည့္အဝ လက္ခံမွာ မဟုတ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ေျပာ

0
48

ေဟာင္ေကာင္ ဆႏၵျပအုပ္စုေတြရဲ႕ ေတာင္းဆုိခ်က္ေတြကို အျပည့္အဝ လက္ခံမွာ မဟုတ္ေၾကာင္း  ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး ကယ္ရီလမ္းက ေျပာဆုိလုိက္ပါတယ္။ 

ေဟာင္ေကာင္မွာ အၾကမ္းဖက္မႈေတြ ကင္းေဝးၿပီး ၿငိမ္းခ်မ္းေရး ရလိုေၾကာင္း၊  ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ရာဇဝတ္မႈ က်ဴးလြန္သူေတြကို တ႐ုတ္ျပည္မႀကီးဆီ လႊဲေျပာင္းေပးမယ့္ ဥပေဒၾကမ္း ကန္႔ကြက္တဲ့အေနနဲ႔ ေဟာင္ေကာင္မွာ ႏွစ္လ ေက်ာ္ၾကာ ဆႏၵျပပြဲေတြျဖစ္ေနၿပီး ဆႏၵျပအုပ္စုေတြနဲ႔ ရဲေတြၾကား ထိပ္တုိက္ေတြ႔မႈေတြ ျဖစ္ေနပါတယ္။  

ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔ ဆႏၵျပအုပ္စုေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမႈကို ဒီသီတင္းပတ္အတြင္း စတင္သြားမွာျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ကယ္ရီလမ္းက ေျပာပါတယ္။ ဆႏၵျပမႈေတြအတြင္း ဖမ္းဆီးထားတဲ့ သူေတြကို ျပန္လႊတ္ေပးေရး၊ အျငင္းပြားမႈေတြ ျဖစ္ေနတဲ့ ရာဇဝတ္မႈ က်ဴးလြန္သူေတြကို လႊဲေျပာင္းေပးေရး ဥပေဒၾကမ္း ဖ်က္သိမ္းေရးအခ်က္ေတြကို  ေဟာင္ေကာင္ ဆႏၵျပအုပ္စုေတြက ေတာင္းဆုိထားပါတယ္။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို အပြည့်အဝ လက်ခံမှာ မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူး ပြော

ဟောင်ကောင် ဆန္ဒပြအုပ်စုတွေရဲ့ တောင်းဆိုချက်တွေကို အပြည့်အဝ လက်ခံမှာ မဟုတ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်မှာ အကြမ်းဖက်မှုတွေ ကင်းဝေးပြီး ငြိမ်းချမ်းရေး ရလိုကြောင်း၊ ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် ဥပဒေကြမ်း ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ နှစ်လ ကျော်ကြာ ဆန္ဒပြပွဲတွေဖြစ်နေပြီး ဆန္ဒပြအုပ်စုတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဆန္ဒပြအုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ဒီသီတင်းပတ်အတွင်း စတင်သွားမှာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောပါတယ်။ ဆန္ဒပြမှုတွေအတွင်း ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးရေး၊ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို လွှဲပြောင်းပေးရေး ဥပဒေကြမ်း ဖျက်သိမ်းရေးအချက်တွေကို ဟောင်ကောင် ဆန္ဒပြအုပ်စုတွေက တောင်းဆိုထားပါတယ်။