
0
30




ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်မှာ တင်းနစ်ပြိုင်ပွဲ ရွှေ့ဆိုင်း


ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ဟောင်ကောင်မှာကျင်းပဖို့ စီစဉ်ထားတဲ့ ဟောင်ကောင်အိုပင်း တင်းနစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ အခြေအနေတွေ ပိုမိုကောင်းမွန်လာတဲ့အချိန်မှသာ တင်းနစ်ပြိုင်ပွဲ ကို ဆက်လက်ကျင်းပ သွားမယ်လို့ ဟောင်ကောင် အိုပင်းတင်းနစ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ဆိုပါတယ်။


ဟောင်ကောင်အိုပင်းတင်းနစ် ပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်ကနေ ၁၃ ရက် အထိ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး ပြိုင်ပွဲကာလအတွင်း ဆန္ဒပြမှုတွေ နဲ့ ကြုံတွေ့နေရတဲ့အတွက် ပြိုင်ပွဲကျင်းပမှု ရွှေ့ဆိုင်း လိုက်ရတာဖြစ်တယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။


ရာဇဝတ်မှုကျူးလွန်သူတွေကို တရုတ်နိုင်ငံကိုလွှဲပြောင်းပေးမယ့် ဥပဒေမှုကြမ်းအပေါ် ပြည်သူတွေက မနှစ်သက်တဲ့အတွက် ဆန္ဒပြပွဲတွေ သီတင်းပတ်ပေါင်း ၁၃ ပတ်ကျော်ဖြစ်နေတာလည်း ဖြစ်ပါတယ်။