ဆီးရီးယား သမၼတ ကေတာ္ရဲ႕ ေမာင္ဝမ္းကြဲ လက္ဘႏြန္မွာ ျပန္ေပးဆြဲခံရ

0
85

ဆီရီးယား သမၼတကေတာ္ အက္စမာ အာဆတ္ရဲ႕ ေမာင္ဝမ္းကြဲျဖစ္သူ မာဟက္ဖ္ အကၠရက္စ္ဟာ လက္ဘႏြန္ႏိုင္ငံ၊ ေဘရြတ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းက ျပန္ေပးဆြဲခံခဲ့ရပါတယ္။

အသက္ ၄၀ အရြယ္ရွိ အကၠရက္စ္ဟာ ထင္ရွားတဲ့ စီးပြားေရးသမား တာရစ္ အကၠရက္စ္ရဲ႕ သားျဖစ္ပါတယ္။ အကၠရက္စ္ဟာ ေဘရြတ္ၿမိဳ႕ကေန ဒမတ္စကတ္ၿမိဳ႕ကိုအသြား အာေလနဲ႔ ခ်တ္တူရာ အၾကား လမ္းမွာ စက္တင္ဘာလ ၁၂ ရက္ေန႔က ေပ်ာက္ဆံုးခဲ့တာပါ။

အကၠရက္စ္ရဲ႕ ဇနီက သူ႔ခင္ပြန္းရဲ႕ ဖုန္းနဲ႔ ဘက္ကာ အေရွ႕ပိုင္းကေန ဖုန္းေခၚတာ လက္ခံရရွိေၾကာင္း၊ ဖုန္းေခၚသူက အကၠရက္စ္ကို ျပန္လႊတ္ေပးေစခ်င္ရင္ အေမရိကန္ ေဒၚလာ ၂ သန္း ေပးဖို႔ ေတာင္းဆိုေၾကာင္း ေျပာပါတယ္။ အကၠရက္စ္ ေမာင္းသြားတဲ့ ကားကိုေတာ့ အာေလမွာ ေတြ႔ရွိခဲ့ပါတယ္။

ဆီးရီးယား သမ္မတ ကတော်ရဲ့ မောင်ဝမ်းကွဲ လက်ဘနွန်မှာ ပြန်ပေးဆွဲခံရ

ဆီရီးယား သမ္မတကတော် အက်စမာ အာဆတ်ရဲ့ မောင်ဝမ်းကွဲဖြစ်သူ မာဟက်ဖ် အက္ကရက်စ်ဟာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပြန်ပေးဆွဲခံခဲ့ရပါတယ်။

အသက် ၄၀ အရွယ်ရှိ အက္ကရက်စ်ဟာ ထင်ရှားတဲ့ စီးပွားရေးသမား တာရစ် အက္ကရက်စ်ရဲ့ သားဖြစ်ပါတယ်။ အက္ကရက်စ်ဟာ ဘေရွတ်မြို့ကနေ ဒမတ်စကတ်မြို့ကိုအသွား အာလေနဲ့ ချတ်တူရာ အကြား လမ်းမှာ စက်တင်ဘာလ ၁၂ ရက်နေ့က ပျောက်ဆုံးခဲ့တာပါ။

အက္ကရက်စ်ရဲ့ ဇနီက သူ့ခင်ပွန်းရဲ့ ဖုန်းနဲ့ ဘက်ကာ အရှေ့ပိုင်းကနေ ဖုန်းခေါ်တာ လက်ခံရရှိကြောင်း၊ ဖုန်းခေါ်သူက အက္ကရက်စ်ကို ပြန်လွှတ်ပေးစေချင်ရင် အမေရိကန် ဒေါ်လာ ၂ သန်း ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ အက္ကရက်စ် မောင်းသွားတဲ့ ကားကိုတော့ အာလေမှာ တွေ့ရှိခဲ့ပါတယ်။