
0
124




ဆီးရီးယားမှာ ဒုံးကျည်ထိမှန်လို့ အရပ်သား ၁၂ ဦး သေ

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အစိုးရထိန်းချုပ်တဲ့ ကျေးရွာတစ်ရွာမှာ ဒုံးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား ၁၂ ဦး သေဆုံးသွားပါတယ်။

ဒုံးကျည်ကို ဟာယတ် တာရီယာ အယ်လ်-ရှမ် အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ကေးဒါး အဖွဲ့ဟောင်းက ပစ်ခတ်တာလို့ ဆီးရီးယား အစိုးရရုပ်သံ ဆာနာက ကြေညာပါတယ်။ ဇွန်လ ၁၆ ရက်နေ့က ပစ်ခတ်မှုမှာ တခြား လူ ၁၅ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး ဆီးရီးယားအဖွဲ့က သေဆုံးသူ ဦးရေကို အတည်ပြုခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ငါးဦးပါကြောင်း၊ အလက်ပို အခြေစိုက် စစ်သွေးကြွအဖွဲ့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ကတော့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ ထုတ်ပြန်ခြင်း မရှိပါဘူး။