ဆိုင္ကယ္စီး ခရီးသြား ျမန္မာႏွစ္ဦး ပိုလန္ႏိုင္ငံကို ေရာက္ရွိ

0
109

ျမန္မာႏိုင္ငံကေန ၿဗိတိန္ႏိုင္ငံအထိ မိုင္ေပါင္း ၃ ေသာင္းကို ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ခရီးႏွင္ေနတဲ့ ျမန္မာႏွစ္ဦးဟာ ဇူလိုင္လ ၂၀ ရက္မွာ ပိုလန္ႏိုင္ငံကို ေရာက္ရွိသြားခဲ့ပါတယ္။

ဆိုင္ကယ္နဲ႔ ခရီးႏွင္သူ ျမန္မာႏွစ္ဦးျဖစ္တဲ့ ကိုေအာင္ေက်ာ္ဝင္းနဲ႔ ကိုစိုင္းဇြန္ဖတို႔ဟာ ၿပီးခဲ့တဲ့ ေမလ ၂၆ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကေန စတင္ထြက္ခြာသြားၿပီးေနာက္ ခုနစ္ႏိုင္ငံေျမာက္အျဖစ္ ပိုလန္ကို ေရာက္ရွိသြားတာပါ။ တ႐ုတ္၊ မြန္ဂိုလီးယား၊ ႐ုရွား၊ ဘယ္လာ႐ုစ္ စတဲ့ ႏိုင္ငံေတြကို ျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။

ကိုေအာင္ေက်ာ္ဝင္းနဲ႔ ကိုစိုင္းဇြန္ဖတို႔ရဲ႕ Motourlogue အမည္နဲ႔ ဖြင့္ထားတဲ့ Facebook လူမႈကြန္ရက္မွာ သူတို႔ ျဖတ္သန္းသြားရာ လမ္းတစ္ေလွ်ာက္ရွိ လမ္းပန္းအေျခအေန၊ ယဥ္ေက်းမႈ၊ ျမန္မာႏိုင္ငံကလို႔ ေျပာတဲ့အခါ အံ့ၾကတဲ့သူမ်ား၊ လမ္းခရီးမွာ ျမန္မာႏိုင္ငံသားေတြနဲ႔ ႀကံဳရပံု စတာေတြကို ေဝမွ်ထားပါတယ္။

ဆိုင်ကယ်စီး ခရီးသွား မြန်မာနှစ်ဦး ပိုလန်နိုင်ငံကို ရောက်ရှိ

မြန်မာနိုင်ငံကနေ ဗြိတိန်နိုင်ငံအထိ မိုင်ပေါင်း ၃ သောင်းကို မော်တော်ဆိုင်ကယ်နဲ့ ခရီးနှင်နေတဲ့ မြန်မာနှစ်ဦးဟာ ဇူလိုင်လ ၂၀ ရက်မှာ ပိုလန်နိုင်ငံကို ရောက်ရှိသွားခဲ့ပါတယ်။

ဆိုင်ကယ်နဲ့ ခရီးနှင်သူ မြန်မာနှစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ ကိုစိုင်းဇွန်ဖတို့ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာသွားပြီးနောက် ခုနစ်နိုင်ငံမြောက်အဖြစ် ပိုလန်ကို ရောက်ရှိသွားတာပါ။ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား၊ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ကျော်ဝင်းနဲ့ ကိုစိုင်းဇွန်ဖတို့ရဲ့ Motourlogue အမည်နဲ့ ဖွင့်ထားတဲ့ Facebook လူမှုကွန်ရက်မှာ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လမ်းပန်းအခြေအနေ၊ ယဉ်ကျေးမှု၊ မြန်မာနိုင်ငံကလို့ ပြောတဲ့အခါ အံ့ကြတဲ့သူများ၊ လမ်းခရီးမှာ မြန်မာနိုင်ငံသားတွေနဲ့ ကြုံရပုံ စတာတွေကို ဝေမျှထားပါတယ်။