
0
378







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ ၁၄၃ နှစ်ပြည့် မွေးနေ့ ပွဲ ပြုလုပ်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ ၁၄၃ နှစ်ပြည့် မွေးနေ့ ပွဲ ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးကပေးပို့ ထားပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ၁၄၃နှစ်ပြည့် မွေးနေ့ အခမ်းအနားကို မတ်လ ၂၃ရက်နေ့က ဗဟန်းမြို့နယ် ၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbite – ကိုထွန်းဝင်းငြိမ်း ပြန်ကြားရေးတာဝန်ခံ
(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရးကွန်ယက်)

ဒါ့အပြင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ကျော်ရှိခဲ့ပေမယ့် အခုချိန်ထိ ပြည်တွင်းစစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ရှိနေဆဲဖြစ်တာကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမြင်ချင်ခဲ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အခုထိ မမြင်ရသေးဘူးလို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ယက်က ပြောပါတယ်။

Soundbite – ကိုထွန်းဝင်းငြိမ်း ပြန်ကြားရေးတာဝန်ခံ
(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရးကွန်ယက်)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ၊ဖက်ဆစ်တော်လှန်ရေး ၊ စတဲ့ အမျိုးသားလွတ်လပ်ရေးတွေသာမက ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာပါ ဦးဆောင်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။