
0
205




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆယ်ကျော်သက် သမီးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖခင် အဖမ်းခံရ

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပည်နယ်မှာ ဖခင်တစ်ဦးက ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကြာပွတ်နဲ့ ရိုက်၊ ဆံပင်တွေကို ဖြတ်တောက် ကတုံးတုံးတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် အဲလက်ဇ် ဟာရစ်ဆန်ဟာ သူ့သမီးကို အခုလို အပြစ်ပေး ရိုက်နှက်မှုတွေပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စ်နဲ့ စနက်ချတ်တွေပေါ်မှာ တင်ခဲ့ပြီးနောက် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဆယ်ကျော်သက် သမီးငယ်ကို လက်ပြန်ကြိုးတုပ်ကာ ကြာပွတ်နဲ့ ရိုက်နှက်တာတွေ ဗီဒီယိုဖိုင်ထဲမှာ ပါပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံရသူ မိန်းကလေးဟာ အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူ ဖြစ်ပြီး ကလေးငယ်ကို အပြစ်ပေးတဲ့ အနေနဲ့ အခုလို ရိုက်နှက်ခဲ့တာလို့ ရှင်းပြပေမယ့် ရဲက ဖမ်းဆီးခဲ့ပါတယ်။