စံျပငါးေစ်းႀကီးက အလုပ္ထုတ္ခံရတဲ့ အလုပ္သမား ၆ ဦးကို အလုပ္ျပန္ခန္႔ေပးဖို႔ ေတာင္းဆို

0
38

စံျပငါးေစ်းႀကီးက အလုပ္ထုတ္ခံရတဲ့ အလုပ္သမား ၆ ဦးကို ငါးေတာင္းဌာနခြဲမွာပဲ အလုပ္ျပန္ခန္႔ေပးဖို႔ ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ဆီ စာတင္ျပေတာင္းဆိုထားတာပဲျဖစ္ပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌး ကေပးပို႔ထားပါတယ္။

ၾကည့္ျမင္တိုင္၊ ဗဟိုစံျပငါးေစ်းႀကီးရဲ႕ ငါးေတာင္းဌာနခြဲမွာ ဆယ္စုႏွစ္တစ္ခုၾကာ လုပ္ကိုင္လာခဲ့တဲ့ တရား ၀င္လွည္းဆြဲ အလုပ္သမား ၆ ဦးကို ဆႏၵျပခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီ ၄ ရက္မွာ အလုပ္ထုတ္ ခဲ့ပါတယ္။

အလုပ္က ထုတ္ပယ္ခံခဲ့ရတဲ့ လွည္းဆြဲအလုပ္သမားေတြရဲ႕ နစ္နာမႈေတြကို တိုင္းေဒသႀကီးအစိုးရရဲ႕ ခံုဖြဲ႕ စစ္ေဆးခဲ့ၿပီးေနာက္ အရင္ေနရာမွာ ျပန္လည္ခန္႔ဖို႔ စာထြက္ခဲ့ေပမယ့္ တိုင္းဦးစီးမွဴးရဲ႕စာထြက္လာခ်ိန္မွာ ေတာ့ တစ္ျခားဌာနကို လူစုခြဲေလွ်ာက္ပိုင္ခြင့္ရွိတယ္လို႔ ထြက္လာတာေၾကာင့္ မူလေနရာမွာ အလုပ္ျပန္လည္ရရွိေရး ဝန္ႀကီးခ်ဳပ္ဆီ စာတင္ျပ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

Soundbite;ကိုမင္းေဇာ္(ငါးေတာင္းဌာနခြဲအလုပ္သမား)

               ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ဗဟိုစံျပငါးေစ်းႀကီး

ျပစ္မႈက်ဴးလြန္တာ တစ္စံုတစ္ရာမရွိဘဲ ၿငိမ္းစုစီဥပေဒနဲ႔အညီ တရား၀င္ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သူေတြကို အလုပ္ထုတ္ခဲ့တာေၾကာင့္ ၀န္ႀကီးခ်ဳပ္ထံ အလုပ္ျပန္လည္ခန္႔အပ္ႏိုင္ဖို႔ စာတင္ျပထားၿပီး  ထူးျခားမႈ မရွိရင္ ဆႏၵေဖာ္ထုတ္သြားမယ္လို႔ ငါးေတာင္းဌာနခြဲ ရဲ႕အလုပ္သမားေတြက ေျပာပါတယ္။

 ကိုေက်ာ္သန္း(ငါးေတာင္းဌာနခြဲလုပ္သား)

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ဗဟိုစံျပငါးေစ်းႀကီး

လက္ရွိ တရား၀င္လွည္းဆြဲအလုပ္သမားေတြ အလုပ္က ထုတ္ပယ္တာ ခံခဲ့ရတာဟာ ၄ လ ေက်ာ္ရွိေနၿပီး မိသားစုစား၀တ္ေနေရး အဆင္မေျပမႈေတြနဲ႔ ႀကံဳေတြ႕ေနရတယ္လို႔ အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြက ေျပာပါတယ္ရွင္။

စံပြငါးဈေးကြီးက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆို


စံပြငါးဈေးကြီးက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးကို ငါးတောင်းဌာနခွဲမှာပဲ အလုပ်ပြန်ခန့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဆီ စာတင်ပြတောင်းဆိုထားတာပဲဖြစ်ပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေး ကပေးပို့ထားပါတယ်။


ကြည့်မြင်တိုင်၊ ဗဟိုစံပြငါးဈေးကြီးရဲ့ ငါးတောင်းဌာနခွဲမှာ ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်လာခဲ့တဲ့ တရား ဝင်လှည်းဆွဲ အလုပ်သမား ၆ ဦးကို ဆန္ဒပြခဲ့တာကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၄ ရက်မှာ အလုပ်ထုတ် ခဲ့ပါတယ်။


အလုပ်က ထုတ်ပယ်ခံခဲ့ရတဲ့ လှည်းဆွဲအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ခုံဖွဲ့ စစ်ဆေးခဲ့ပြီးနောက် အရင်နေရာမှာ ပြန်လည်ခန့်ဖို့ စာထွက်ခဲ့ပေမယ့် တိုင်းဦးစီးမှူးရဲ့စာထွက်လာချိန်မှာ တော့ တစ်ခြားဌာနကို လူစုခွဲလျှောက်ပိုင်ခွင့်ရှိတယ်လို့ ထွက်လာတာကြောင့် မူလနေရာမှာ အလုပ်ပြန်လည်ရရှိရေး ဝန်ကြီးချုပ်ဆီ စာတင်ပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။


Soundbite;ကိုမင်းဇော်(ငါးတောင်းဌာနခွဲအလုပ်သမား)
ကြည့်မြင်တိုင်မြို့နယ်၊ဗဟိုစံပြငါးဈေးကြီး


ပြစ်မှုကျူးလွန်တာ တစ်စုံတစ်ရာမရှိဘဲ ငြိမ်းစုစီဥပဒေနဲ့အညီ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူတွေကို အလုပ်ထုတ်ခဲ့တာကြောင့် ဝန်ကြီးချုပ်ထံ အလုပ်ပြန်လည်ခန့်အပ်နိုင်ဖို့ စာတင်ပြထားပြီး ထူးခြားမှု မရှိရင် ဆန္ဒဖော်ထုတ်သွားမယ်လို့ ငါးတောင်းဌာနခွဲ ရဲ့အလုပ်သမားတွေက ပြောပါတယ်။


ကိုကျော်သန်း(ငါးတောင်းဌာနခွဲလုပ်သား)
ကြည့်မြင်တိုင်မြို့နယ်၊ဗဟိုစံပြငါးဈေးကြီး


လက်ရှိ တရားဝင်လှည်းဆွဲအလုပ်သမားတွေ အလုပ်က ထုတ်ပယ်တာ ခံခဲ့ရတာဟာ ၄ လ ကျော်ရှိနေပြီး မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်ရှင်။