စံုစမ္းစစ္ေဆးေရး ခံု႐ံုးရဲ႕ စစ္ေဆး ေတြ႔ရွိခ်က္ေတြအေပၚ စစ္တရား႐ံုးနဲ႔ ဆက္လက္ စစ္ေဆးမယ္

0
38

တပ္မေတာ္ နည္းဥပေဒေတြနဲ႔အညီ ဖြဲ႔စည္းခဲ့တဲ့ ဥကၠ႒ ဗိုလ္ခ်ဳပ္ ျမတ္ေက်ာ္ ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရး ခံု႐ံုး (CoI) အဖြဲ႔ဟာ ရခိုင္ျပည္နယ္၊ ဘူးသိီးေတာင္၊ ေမာင္ေတာနယ္ေျမကုိ  ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၅ ရက္ေန႔ကေန ၾသဂုတ္လ ၅ ရက္ေန႔အထိ ဒုတိယအႀကိမ္ သြားေရာက္စစ္ေဆးခဲ့ၿပီး ျဖစ္ပါတယ္။

စုံစမ္းစစ္ေဆးေရး ခုံ႐ံုးက စစ္ေဆးခဲ့တဲ့ ႏွစ္ႀကိမ္အတြင္း စစ္ေဆးေတြ႔ရွိခ်က္ေတြအရ ဂူတာျပင္ေက်းရြာ ျဖစ္စဥ္တခ်ိဳ႕မွာ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္ရြက္ဖုိ႔ အားနည္းခဲ့တာေၾကာင့္ စစ္စည္းကမ္းအရ အေရးယူဖုိ႔ အေျခအေန ေပၚေပါက္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

စစ္တရား႐ံုးနဲ႔ ဆက္လက္ စစ္ေဆးစီရင္နုိင္ေရး စစ္ဘက္တရားစီရင္ေရး လုပ္ထံုးလုပ္နည္းေတြနဲ႔အညီ ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ စံုစမ္းစစ္ေဆးေရး ခံု႐ံုးအေနနဲ႔ က်န္ရွိေနတဲ့   စံုစမ္းစစ္ေဆးမႈေတြကို ဆက္လက္ ျပဳလုပ္သြားမွာ ျဖစ္တယ္လုိ႔ စစ္ဥပေဒခ်ဳပ္႐ံုးက သတင္းထုတ္္ျပန္ထားတာ ျဖစ္ပါတယ္။

စုံစမ်းစစ်ဆေးရေး ခုံရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် စစ်တရားရုံးနဲ့ ဆက်လက် စစ်ဆေးမယ်

တပ်မတော် နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံး (CoI) အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ ဘူးသိီးတောင်၊ မောင်တောနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။


စုံစမ်းစစ်ဆေးရေး ခုံရုံးက စစ်ဆေးခဲ့တဲ့ နှစ်ကြိမ်အတွင်း စစ်ဆေးတွေ့ရှိချက်တွေအရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေ ပေါ်ပေါက်ကြောင်း တွေ့ရှိခဲ့ပါတယ်။


စစ်တရားရုံးနဲ့ ဆက်လက် စစ်ဆေးစီရင်နိုင်ရေး စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ခုံရုံးအနေနဲ့ ကျန်ရှိနေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စစ်ဥပဒေချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။