စံုစမ္းစစ္ေဆးေရးခံုရံုးအဖြဲ႕ရခုိင္ျပည္နယ္ကိုထြက္ခြာ

0
81

ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမမွာ ျဖစ္ပြားခဲ့တဲ့  အၾကမ္းဖက္ တုိက္ခိုက္မႈ ျဖစ္စဥ္ေတြနဲ႔ ဆက္စပ္ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေတြကုိ ထပ္မံစိစစ္ အတည္ျပဳနိုင္ဖို႔ ဖြဲ႕စည္းထားတဲံ စုံစမ္းစစ္ေဆးေရးခုံရုံး ကအဖြဲ႕၀င္ေတြ က စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္သြားႏိုင္ဖို႔အတြက္ ဇူလိုင္လ ၁၅ရက္ေန႔က ရခုိင္ျပည္နယ္ကုိ ထြက္ခြာသြားတာ ျဖစ္ပါတယ္ ။

စံုစမ္းစစ္ေဆးေရးခံုရံုး အဖြဲ႕ဟာ  ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ နယ္ေျမမွာ ျဖစ္ပြားခဲ့တဲ့  အၾကမ္းဖက္တုိက္ခိုက္မႈ ျဖစ္စဥ္ေတြနဲ႔ ဆက္စပ္ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေတြကို စိစစ္အတည္ျပဳရန္ ဘူးသီးေတာင္နယ္ေျမကုိ ပထမ အႀကိမ္ သြားေရာက္ စစ္ေဆးခဲ့ၿပီးျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ရခိုင်ပြည်နယ်ကိုထွက်ခွာ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ဆက်စပ် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ထပ်မံစိစစ် အတည်ပြုနိုင်ဖို့ ဖွဲ့စည်းထားတဲံ စုံစမ်းစစ်ဆေးရေးခုံရုံး ကအဖွဲ့ဝင်တွေ က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားနိုင်ဖို့အတွက် ဇူလိုင်လ ၁၅ရက်နေ့က ရခိုင်ပြည်နယ်ကို ထွက်ခွာသွားတာ ဖြစ်ပါတယ် ။

စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ဆက်စပ် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို စိစစ်အတည်ပြုရန် ဘူးသီးတောင်နယ်မြေကို ပထမ အကြိမ် သွားရောက် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။