
0
54




စုပေါင်းလှုံ့ဆော်မှုတွေ လုပ်နေတဲ့ account တွေဟာ ငွေကြေးသုံးပြီး လုပ်ခဲ့တာလို့ Facebook ပြော

မြန်မာနိုင်ငံက ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့ လူမှုကွန်ရက် account နဲ့ group တွေဟာ သူတို့ရဲ့ တင်ဆက်မှုကို ကြော်ငြာအနေနဲ့ ငွေကြေးတွေ အသုံးပြုပြီး ပြုလုပ်ခဲ့တယ်လို့ Facebook ဆိုက်ဘာ လုံခြုံရေး ပေါ်လစီ အကြီးအကဲ မစ္စတာ နသန်နီယယ် ဂလေချာက ပြောပါတယ်။

စုပေါင်း လှုံ့ဆော်အကောင့်တွေဟာ တင်ဆက်မှုတွေကို ပျံ့နှံစေဖို့ အမေရိကန် ဒေါ်လာ ၁၂၀ဝ ခန့်ရှိတဲ့ ငွေကြေးတွေကို ကြော်ငြာ ငွေကြေးအဖြစ် အသုံးပြုခဲ့တယ်လို့ မစ္စတာ နသန်နီယယ် ဂလေချာက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုအရ တချို့လှုံ့ဆော်မှုတွေဟာ တပ်မတော်နဲ့ ဆက်စပ်မှုရှိနေတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း Facebook ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။