စိတ္ၾကြေဆးျပားေတြ သိန္းေသာင္းခ်ီ မိေပမယ့္ ပိုင္ရွင္မဲ့ ျဖစ္ေနတယ္လုိ႔ တုိင္းလႊတ္ေတာ္ ကိုယ္စားေတြ ေျပာ

0
110

စိတ္ၾကြ႐ူးသြပ္ေဆးျပားေတြကုိ သိန္းေသာင္းနဲ႔ခ်ီၿပီး မိခဲ့ေပမယ့္ ပုိင္ရွင္မဲျ့ဖစ္ေနတာေတြ၊ မူးယစ္ေဆးဝါး ျပဳလုပ္တဲ့ကုန္ၾကမ္းေတြ၊ စက္ပစၥည္းေတြ အမ်ားအျပား ဖမ္းဆီးရမိမႈေတြ ရွိေပမယ့္ ပုိင္ရွင္မဲ့ေတြ ျဖစ္ေနတယ္လို႔ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဌးက ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၁၉ ရက္ေန႔က ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ အစည္းအေဝးမွာ အခုလို ေျပာၾကားခဲ့တာပါ။ ရန္ကုန္တုိင္းေဒသႀကီး အတြင္း အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြနဲ႔ ေက်ာင္းသားအရြယ္ လူငယ္ေတြအၾကား ေတြ႔ႀကံဳျဖစ္ပြားေနတဲ့ မူးယစ္စိတ္ၾကြေဆးျပား (WY) သုံးစြဲမႈေတြပေပ်ာက္ေရး အစီအမံေတြ ခ်မွတ္ေဆာင္ရြက္ဖို႔ ဒဂုံၿမိဳ႕သစ္ေတာင္ပုိင္း၊ မဲဆႏၵနယ္ အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတ္ာ ကုိယ္စားလွယ္ ဦးညီညီက ရန္ကုန္တုိင္းေဒသႀကီး အစုိးရကုိ တုိက္တြန္းေၾကာင္းအဆုိမွာ လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးလွေဌးက ေထာက္ခံေၾကာင္း ေဆြးေႏြးစဥ္ အခုလုိ ေျပာခဲ့တာပါ။

WY ေဆးျပားေတြဟာ အခုေနာက္ပိုင္းမွာ ေက်ာင္းေတြမွာပါ ဝင္ေရာက္ပ်ံ႕ႏွ႔ံလာေနၿပီ ျဖစ္ေၾကာင္းနဲ႔ ေက်ာင္းသားလူငယ္ေတြဟာ မူးယစ္ေဆးဝါးရဲ႕ သားေကာင္၊ မူးယစ္ေဆး၀ါးရဲ႕ ေစ်းကြက္အျဖစ္ အသုံးခ်လာၾကတာျဖစ္ပါတယ္။ အဲဒါေတြကုိ မိဘဆရာေတြကလည္း အထူးသတိျပဳ ထိန္းေက်ာင္းဖုိ႔ လုိအပ္ေၾကာင္းလည္း ဦးလွေဌးက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

စိတ်ကြွဆေးပြားတွေ သိန်းသောင်းချီ မိပေမယ့် ပိုင်ရှင်မဲ့ ဖြစ်နေတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားတွေ ပြော


စိတ်ကြွရူးသွပ်ဆေးပြားတွေကို သိန်းသောင်းနဲ့ချီပြီး မိခဲ့ပေမယ့် ပိုင်ရှင်မြဲ့ဖစ်နေတာတွေ၊ မူးယစ်ဆေးဝါး ပြုလုပ်တဲ့ကုန်ကြမ်းတွေ၊ စက်ပစ္စည်းတွေ အများအပြား ဖမ်းဆီးရမိမှုတွေ ရှိပေမယ့် ပိုင်ရှင်မဲ့တွေ ဖြစ်နေတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားခဲ့ပါတယ်။


စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီး အတွင်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ ကျောင်းသားအရွယ် လူငယ်တွေအကြား တွေ့ကြုံဖြစ်ပွားနေတဲ့ မူးယစ်စိတ်ကြွဆေးပြား (WY) သုံးစွဲမှုတွေပပျောက်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ ဒဂုံမြို့သစ်တောင်ပိုင်း၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တိုက်တွန်းကြောင်းအဆိုမှာ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ထောက်ခံကြောင်း ဆွေးနွေးစဉ် အခုလို ပြောခဲ့တာပါ။


WY ဆေးပြားတွေဟာ အခုနောက်ပိုင်းမှာ ကျောင်းတွေမှာပါ ဝင်ရောက်ပျံ့နှံ့လာနေပြီ ဖြစ်ကြောင်းနဲ့ ကျောင်းသားလူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်၊ မူးယစ်ဆေးဝါးရဲ့ ဈေးကွက်အဖြစ် အသုံးချလာကြတာဖြစ်ပါတယ်။ အဲဒါတွေကို မိဘဆရာတွေကလည်း အထူးသတိပြု ထိန်းကျောင်းဖို့ လိုအပ်ကြောင်းလည်း ဦးလှဌေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။